တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးအား တူညီသော ဥပဒေများဖြင့်သာ အုပ်ချုပ်သင့်

...

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးအား တူညီသော ဥပဒေများဖြင့်သာ အုပ်ချုပ်သင့်

Burma News International, 22 Nov 2016

URL: http://www.bnionline.net/news/network-media-group/item/2509-same-laws-should-govern-all-armed-organisations.html
မြန်မာတပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးအား တူညီသောဥပဒေများဖြင့် မအုပ်ချုပ်
သရွေ့ ပြည်တွင်းစစ် ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း ဥပဒေရေးရာအကူအညီပေးရေးကွန်ရက်က ပြောကြားခဲ့သည်။

ဥပဒေရေးရာအကူအညီပေးရေးကွန်ရက်သည် ဥပရေးရာကျွမ်းကျင် အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ဘက်
မလိုက် အဖွဲ့အစည်းဖြစ်သည်၊ မြန်မာနိုင်ငံတွင် စစ်မှန်သည့်တရားဥပဒေ စိုးမိုးရေး အခြေခံအုတ်မြစ်ဖြင့် ငြိမ်းချမ်းရေး၊
လွတ်လပ်ရေး၊ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်း ကို တည်ဆောက်နိုင်မည်ဟု မှတ်ချက်
ပြုခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာတပ်မတော်တို့ဟာ တူညီတဲ့ ဥပဒေတစ်ခုထဲ အောက်မှာပဲရှိ
နေဖို့ လို်ပါတယ်။ သူတို့ကို ဥပဒေ အတူတူအောက်မှာပဲ ထားရှိဖို့ လိုပါတယ်။ မြန်မာတပ်မတော်အနေနဲ့သူတို့ကလက်
နက်ကိုင်နိုင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကတရားဝင်စစ်တပ်ဖြစ်ပြီးအခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ
က တရားမဝင်တပ်တွေဖြစ်တာကြောင့် ဖျက်သိမ်းဖို့လိုတယ်လို့ဆက်ပြီးတွေးနေသရွေ့ ပြည်တွင်းစစ်ပြဿနာတွေကိုမ
ဖြေရှင်းနိုင်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး တူညီတဲ့ ဥပဒေအောက်မှာပဲ ရှိဖို့လိုပါတယ်။ ဒီပြဿ
နာကို အရင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ပြည်တွင်းစစ်ကိုလည်းဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”
ဟု ဥပဒေရေးရာအကူအညီပေးရေးကွန်ရက် တည်ထောင်သူတစ်ဦးဖြစ်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကပြော
ခဲ့သည်။

မြန်မာအစိုးရမှ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်သည့်တရားဝင်အဖွဲ့အစည်းတစ်ခုမဖွဲ့သေး
သရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိလိမ့်မည်မဟုတ်ဟု ၎င်းမှ ယုံကြည်ထားသည်။

“ပြည်တွင်းစစ် အမှန်တကယ် နိဂုန်းချုပ်နိုင်ဖို့နဲ့ လက်နက်ကိုင်တွေအားလုံး ဥပဒေတစ်ခုထဲအောက်မှာ အတူတူဖြစ်ဖို့အ
တွက်ပြည်ထောင်စုဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ လိုအပ်ပါတယ် ” ဟု ၎င်းက ပြောခဲ့သည်။

လက်ရှိ စနစ်အောက်တွင် မြန်မာတပ်မတော်နှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)အတွင်း
ရာစုနှစ်များစွာ ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည်။ ထိုသို့သော အချိန်များတွင် မည်သည့်ဘက်ကမှ ပြတ်ပြတ်သားသားအ
နိုင်မရခဲ့ပေ၊တိုက်ပွဲများသာ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာတပ်မတော်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း
ပါဝင်ရမည်ဖြစ်ပြီး မြန်မာအစိုးရ ၊ နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လူထု စသည်တို့
နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ဆောင်ရာတွင် အတူတကွ လုပ်ကိုင်ဆောင်ရွက်ရမည်
ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဌ ဒေါက်တာ Manam Tu Ja ကပြောခဲ့သည်။