အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းမည်

...

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းမည်

Burma News International, 28 Nov 2016

URL: http://www.bnionline.net/news/karen-state/item/2533-karen-armed-groups-to-combine-in-national-level-political-dialogue.html
“KNUနဲ့ အခြားကရင်အဖွဲ့နှစ်ဖွဲ့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စက ကရင်လူထုအားလုံးနဲ့
သက်ဆိုင်တဲ့ကိစ္စပါ၊ ဒါကြောင့် တကွဲတပြားလုပ်ကိုင်နေမယ့်အစား ပေါင်းစည်းကြဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်” ဟု KNU ဗဟို
ကော်မတီဝင် ပဒိုစောလှသန်းထွန်းက ကေအိုင်စီသို့ပြောခဲ့သည်။

DKBA နှင့် KNU/KNLA-PC သည် KNU မှ ၁၉၉၄ ခုနှစ် နှင့် ၂၀၀၇ ခုနှစ်များတွင် အသီးသီး ခွဲထွက်သွားခဲ့သည်။

၂၀၁၅ခုနှစ်တွင် ဖွဲ့သုံးဖွဲ့သည် NCA အား တကွဲစီတပြားစီ လက်မှတ်ရေးထိုးခဲ့သော်လည်း KNU နိုင်ငံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်မှုနောက်
သို့လိုက်ရန် သဘောတူညီခဲ့ကြသည်။

DKBA ၏ ဒုတိယစစ်ဦးစီးချုပ် စောစတီးမှ “ နိုင်ငံရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သတ်ပြီး KNU ကကျွန်တော်တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တာကြောင့်
သူတို့အပေါ်မှာပဲ ကျွန်တော်တို့ အားထားပါတယ်၊ သူတို့ခေါင်းဆောင်မှုနောက်ကိုပဲ လိုက်မှာပါ။ တချိန်ကကျွန်တော်တို့လည်း KNU ကပဲလာခဲ့
ကြတာလေ။ KNU သဘောထားဟာ ကျွန်တော်တို့သဘောထားပါပဲ၊ ကျွန်တော်တို့သဘောထားကလဲ KNU သဘောထားပါပဲ ” ဟုပြောခဲ့သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် NCA တစိတ်တဒေသအဖြစ်ထားရှိသည့် လုပ်ဆောင်မှု အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံ
ရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် အဆိုပြုချက်များနှင့် အကြံပြုချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ သက်ဆိုင်ရာကော်
မတီများမှတဆင့် တင်သွင်းသွားမည်ဖြစ်သည်။

နိုင်ငံရေးများ ၊ လူမှုရေးရာကိစ္စများ၊ စီးပွားရေးများ ၊ လုံခြုံရေး ၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင် စသည် တို့ကိုဆွေးနွေးမည့် KNU နိုင်ငံရေး
ဆိုင်ရာ ဆွေးနွေးပွဲ အစည်းအဝေးများကို ရန်ကုန်နှင့် ဘားအံတွင်ကျင်းပမည်ဖြစ်ပြီး ကရင်ပြည်နယ်အဆင့် နိုင်ငံရေးဆိုင်ရာ အပြီးသတ် ဆွေး
နွေးပွဲကို လေးဝါး (လောခီးလာတွင်ကျင်းပမည်ဖြစ်သည်)။

ဒီဇင်ဘာလ ပထမအပတ်အတွင်း ဘားအံတွင် ကရင်နိုင်ငံရေးပါတီများနှင့် အရပ်သားအဖွဲ့အစည်းများမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ
ကို ဆွေးနွေးရန်အတွက် နောက်ထပ်အစည်းအဝေး ကျင်းပမည်ဖြစ်သည်။