နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပမည်

...

နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပမည်

Burma News International, 06 Dec 2016

URL: http://www.bnionline.net/news/karen-state/item/2556-first-naypyidaw-karen-new-yearcelebrations.ht ml
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော ၇၉ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားကို ပါတီပေါင်းစုံမှ ကရင်လွှတ်တော်
ကိုယ်စားလှယ်များ ဦးဆောင်၍ နေပြည်တော် MCC-2 ခန်းမတွင် ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်သည်။

နေပြည်တော် ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး စောရှားဖောင်အွာက နိုဝင်ဘာလ(၁၉)ရက်နေ့တွင် နေပြည်
တော်စည်ပင်ရိပ်သာတွင်ပြုလုပ်သည့် အစည်းအဝေး၌ အခမ်းအနားအား နေပြည်တော်တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု
ကေအိုင်စီသို့ ပြောပြခဲ့သည်။

“ကရင်နှစ်သစ်ကူးဆိုတာ လွှတ်တော်ကနေ အသိအမှတ်ပြု စခဲ့တာပါ။ဒါကြောင့် ပြန်ပြီး ထိန်းသိမ်းဆောင်ရွက်တဲ့ သဘောပါ။ လွှတ်တော်က
ကရင်ကိုယ်စားလှယ်တွေအားလုံး ဝိုင်းပြီးတော့ ကိုယ့်ရဲ့ ကရင်နှစ်သစ်ကူးနေ့ကို ထိန်းသိမ်းချင်တာလည်း ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ
အားလုံး စုစုစည်းစည်းနဲ့ စုပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပရတာဖြစ်တယ် " ၎င်းကပြောခဲ့သည်။

နေပြည်တော် ကရင်နှစ်သစ်ကူးပွဲတော်သို့ နေပြည်တော်နယ်နိမိတ်အတွင်းအပြင် ပျဉ်းမနား ၊ လယ်ဝေး နှင့် တပ်ကုန်းစသည့် မြို့နယ်များရှိ
ကရင်ရွာ(၇၀)ကျော်မှ ဒေသခံများ လာရောက်ပူးပေါင်း ပါဝင်ကြမည်ဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သက်
ဆိုင်ရာ အစိုးရတာဝန်ရှိသူများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

ကော်မတီ၏ပြောပြချက်အရ ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်ရိုးရာ စပါးစောင့်နတ်ကို လိပ်ပြာခေါ်ခြင်း ၊ ရိုးရာယဉ်ကျေးမှုပြခန်း ၊ တိုင်း
ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟုသိရ
သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ၁၉၃၇ တွင် တနိုင်ငံလုံး အစိုးရရုံးပိတ်ရက်အဖြစ် ဗြိတိသျှအစိုးရက သတ်မှတ်ပေးခဲ့သည်။ကမ္ဘာ့နိုင်ငံအသီး
သီးတွင်နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများက ပြာသိုလဆန်း ၁ ရက်နေ့တွင် နှစ်စဉ် ကျင်းပလျှက်ရှိသည့်အပြင် ဧရာဝတီတိုင်း ပန်းတ
နော်မြို့နယ်နှင့် အချို့ကျေးရွာများတွင် တပို့တွဲလဆန်း ၁ ရက်နေ့၌ ကျင်းပကြသည်လည်းရှိသည်။

ယခုနှစ်တွင် ကရင်နှစ်သစ်ကူးပွဲတော်သည် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ကျရောက်သည်။

နေပြည်တော်၊ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီတွင် အဖွဲ့ဝင် (၂၁) ဦးရှိသည်။ ပွဲတော်ကျင်းပရေး ဥက္ကဌအဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မန်းစောတင်ဝင်း ၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်
စူစန်နာလှလှစိုး ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောရှားဖောင်အွာ စသည်တို့
ပါဝင်ကြသည်။

အခြားကော်မတီအဖွဲ့ဝင်များမှာ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီ၊ချုပ် မန်းဂျော်နီ နှင့် ကရင်ပြည်
နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့ဖြစ်သည်။