အမြန်ဆုံးဝန်ဆောင်မှုပေးသည့်စင်တာများကို အစိုးရမှ အိမ်တွင်းအကြမ်းဖက်ခံရသူများအတွက် ဖွင့်လှစ်ပေးမည်

...

အမြန်ဆုံးဝန်ဆောင်မှုပေးသည့်စင်တာများကို အစိုးရမှ အိမ်တွင်းအကြမ်းဖက်ခံရသူများအတွက် ဖွင့်လှစ်ပေးမည်

Myanmar Times, 12 Dec 2016

URL: http://www.mmtimes.com/index.php/national-news/24148-govt-to-open-one-stop-centres-for-domestic-violence-survivors.html
အမျိုးသမီးအဖွဲ့များမှ အစိုးရ၏ အိမ်တွင်းအကြမ်းဖက်မှုခံရသည့် အမျိုးသမီးများအား ကူညီပေးမည့် အစီအစဉ်ကို ကြိုဆိုလိုက်ပြီး ယခုလက်ရှိတွင်
ရန်ကုန်နှင့် မန္တလေးတွင် အနည်းအကျဉ်းသာရှိသေးသောကြောင့် နိုင်ငံအနှံ့ စီမံကိန်းတိုးချဲ့ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

အမျိုးသမီးများအား အမြန်ဆုံး ကူညီပံ့ပိုးပေးသည့် စင်တာသစ်(OSWSC) ကို အကြမ်းဖက်ခြင်းနှင့် စော်ကားခြင်းခံရသည့် အမျိုးသမီးများအား ကူ
ညီရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းစင်တာကို ယခုနှစ်မကုန်မီ ရန်ကုန်နှင့် မန္တလေးရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား
ရေးဝန်ကြီးဌာန၏ အသက်မွေးမှုသင်တန်းကျောင်းတွင် စင်တာများ ဖွင့်လှစ်ထားမည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောပြခဲ့သည်။

စင်တာများတွင် ဆေးစစ်ပေးခြင်းများ၊ ခိုကိုးရာမဲ့ မိခင်များနှင့် ကလေးများအတွက် ဂေဟာ ၊ ၎င်းတို့အခွင့်အရေးအတွက် ဥပဒေပိုင်းဆိုင်ရာအကြံပေး
ခြင်းများနှင့် တရားစွဲဆိုခြင်းများတွင် ပံ့ပိုးပေးခြင်းများ စသည်တို့ ပါဝင်သည်။

လူမှုဝန်ထမ်းဌာန၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ နော်သာဝါးက အမျိုးသမီးများအနေနဲ့ ၎င်းတို့ရဲ့ဒုက္ခများကို ရဲတွေ၊
ဆေးရုံဝန်ထမ်းတွေနဲ့ အခြားအရာရှိများကို ရှင်းပြဖို့ အခက်အခဲရှိကြောင်း၊ OSWSC သို့လာရောက်သောသူများကို လျှောက်လွှာစာရွက် တစ်ရွက်သာ
ဖြည့်ခိုင်းမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
“ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်မတို့ရုံးကို လာဖို့ပဲ လိုပါတယ်၊ လျှောက်လွှာတစ်စောင်သာ ဖြည့်ရမှာပါ။ ကျွန်မတို့ကသူ့ကို သူဆ
န္ဒရှိတဲ့အတိုင်း တရားဥပဒေပိုင်းဆိုင်ရာတွေကို ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု သူမက ပြောခဲ့သည်။

ဝန်ကြီးဌာနမှ စင်တာတစ်ခုစီတွင် အမျိုးသမီးအယောက် ၁၀၀ စီ ကူညီပံ့ပိုးပေးရန် ရည်ရွယ်သည်။ အစိုးရအား အမျိုးသမီးတစ်ဦးစီအတွက် ငွေကျပ် ၅
သိန်းစီ ပံ့ပိုးပေးရန် တောင်းဆိုထားသည်။ စင်တာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင်များ၊ ရဲ ၊ ဥပဒေအရာရှိများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ
လုပ်သားများ ခန့်ထားမည်ဖြစ်သည်။

လူမှုဝန်ထမ်းဌာန ညွန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်စန်းစန်းအေးက “ ရန်ကုန်၊ မန္တလေး ဧရိယာပြင်ပတွင်နေထိုင်တဲ့ အမျိုးသမီးများက လူမှုဝန်ထမ်းဌာ
နရဲ့ အရေးပေါ်ဖုန်း ၀၆၇-၄၀၄၆၆၆ ကိုပဲဖြစ်ဖြစ်၊ ၀၆၇-၄၀၄၇၇၇ ကိုပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။ အခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း OSWSC
စင်တာတွေ ဖွင့်လှစ်နိုင်ဖို့ ကျွန်မတို့ကြိုးစားမှာပါ။ ဒါပေမယ့် အခြားနေရာတွေမှာ အဆောက်အဦးတွေထားရှိဖို့က ဘတ်ဂျက်အကန့်အသတ်တွေရှိတာကို
ကျွန်မတို့ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ ဘတ်ဂျက်တိုးတာနဲ့ စီမံကိန်းကို တိုးချဲ့လုပ်ဆောင်သွားမှာပါ " ဟု ပြောကြားခဲ့သည်။”