၁၆ ကြိမ်မြောက် KNU ကွန်ဂရက်ကို ၂၀၁၇ ခုနှစ် ၊ မတ်လတွင် ကျင်းပရန် အတည်ပြုသတ်မှတ်

...

၁၆ ကြိမ်မြောက် KNU ကွန်ဂရက်ကို ၂၀၁၇ ခုနှစ် ၊ မတ်လတွင် ကျင်းပရန် အတည်ပြုသတ်မှတ်

Burma News International, 08 Dec 2016

URL: http://www.bnionline.net/news/karen-state/item/2564-knu-16th-congress-to-be-held-in-march-2016.html
နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို လာမည့် ၂၀၁၇ ခုနှစ် ၊
မတ်လ(၁၄)ရက်နေ့တွင် စတင်ကျင်းပသွားရန် အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်သည်။

KNU ဘားအံခရိုင် ၊ သေဘေထာ၌ ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှ
ကွန်ဂရက်ကျင်းပမည့်ရက်ကို အတည်ပြု သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ကွန်ဂရက်ကျင်းပရေးကော်မတီ ဥက္ကဌဖြစ်သူ အထွေထွေ အတွင်း
ရေးမှူး(၁) ပဒိုစောသောသီဘွဲက အတည်ပြုပြောဆိုလိုက်သည်။

“ကွန်ဂရက်ကျင်းပမယ့် ရက်အတိအကျကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ကေအဲန်ယူရဲ့ ဗဟိုကော်မတီဝင်(၁၁)ယောက်အနက်(၁၀)
ယောက်ရဲ့ တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ချက်နဲ့ ကျင်းပမယ့်ရက်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ် ” ဟု ကေအိုင်စီသို့ပြောခဲ့သည်။

၎င်းအပြင် ကွန်ဂရက်သို့ ခရိုင်တစ်ခုလျှင် ကိုယ်စားလှယ်နှင့် လေ့လာသူ အပါအဝင် စုစုပေါင်း ၂၅ ဦး တက်ရောက်ရန် သတ်မှတ်ထားပြီး ခရိုင်
(၇)ခု ရှိသည့်အတွက် ၁၇၅ ဦး တက်ရောက်ကြမည်ဖြစ်သည်။ အခြားသော ကေအဲန်ယူ ဌာနဆိုင်ရာကိုယ်စားလှယ်များကို ဌာနတစ်ခုချင်း၏
လူဦးရေ အနည်းအများအလိုက် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ထားကြောင်းလည်း သိရသည်။

ပြည်တွင်းကရင်နိုင်ငံရေးပါတီများ ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်ပရောက် ကရင်ကိုယ်စားလှယ်များအား ဖိတ်ကြားမည့်အစီအစဉ်များနှင့် ပတ်
သတ်၍ လတ်တလောတွင် ဆုံးဖြတ်ခြင်းမရှိသေးဘဲ ယင်းအစီအစဉ်များကို ဖိတ်ကြားရေးကော်မတီမှ တာဝန်ယူလုပ်ဆောင်သွားမည်ဟု KNU
ကပြောသည်။

နိုင်ဝင်ဘာလ(၁၀)ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် KNU ဗဟိုကော်မတီအစည်းအဝေးအတွင်း ၁၆ ကြိမ်မြောက် ကွန်ဂရက်အောင်မြင်စွာကျင်း
ပနိုင်ရေးအတွက် တာဝန်ယူလုပ်ဆောင်ရန် ကွန်ဂရက်ကျင်းပရေးကော်မတီအပါအဝင် ကော်မတီ(၁၀)ခု ဖွဲ့စည်းထားသည်ဟု သိရသည်။