လျှပ်စစ်မီဂါဝပ် ၁၀၂ ထုတ်လုပ်သည့် APR စွမ်းအင် စက်ရုံမှ စာချုပ်ထပ်တိုး

...

လျှပ်စစ်မီဂါဝပ် ၁၀၂ ထုတ်လုပ်သည့် APR စွမ်းအင် စက်ရုံမှ စာချုပ်ထပ်တိုး

Mizzima, 23 Dec 2016

URL: http://www.mizzima.com/business-domestic/apr-energy-extends-contract-102mw-myanmar-plant
အမြန်နည်း စွမ်းအင်ပြဿနာဖြေရှင်းရာတွင် တကမ္ဘာ့လုံးဆိုင်ရာဦးဆောင်သူဖြစ်သည့် APR စွမ်းအင် ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ၎င်းတို့၏
၁၀၂မီဂါဝပ်စီမံကိန်းကို ၂၀၁၇ ခုနှစ်ကုန်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ကြေငြာခဲ့သည်။ စက်ရုံအတွက် မူ
လစာချုပ်ကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက် လျှပ်စစ်စွမ်းအင်အတွက် မြန်မာအ
စိုးရနှင့် အမေရိကန်အခြေစိုက်ကုမ္ပဏီတို့အတွင်း ပထမဦးဆုံးအကြိမ် သဘောတူစာချုပ်ဖြစ်သည်။

ကျောက်ဆည် လျှပ်စစ်စွမ်းအင်စက်ရုံသည် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးမြို့တောင်ဘက်တွင် တည်ရှိပြီးခန့်မှန်း
ခြေအားဖြင့်အမျိုးသား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှုန်း ၃၀ ရာခိုင်နှုန်းရှိသည်။ ထရမ်ကီစီမံကိန်းကို ရက် ၉၀ဖြင့်တပ်ဆင်ခဲ့ပြီး နိုင်ငံ
၏ လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံအကြီးဆုံးများထဲတွင် တစ်ခုဖြစ်သည်၊ ပြည်သူလူထု သန်းခြောက်ဆယ် အတွက်လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ပေးသည်။

" အရှေ့တောင်အာရှမှာ စီးပွားရေးအလျှင်အမြန်ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဒီနိုင်ငံကို လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်စေဖို့
အတွက် အကူအညီပေးဖို့ အခွင့်အရေး ဆက်လက်ရရှိတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်၊ မြန်မာနိုင်ငံမှာ အတွေ့အကြုံ
တွေအများကြီးရရှိခဲ့ပါတယ် " ဟု ဗဟိုကော်မတီ ဥက္ကဌ John Campion ကပြောခဲ့သည်။ လျှပ်စစ်စွမ်းအင်ကုမ္ပဏီတွေက ထူးခြားတဲ့စီး
ပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ရတာ ကျွန်တော်တို့
ကံကောင်းပါတယ်။ သူတို့မှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရှင်းလင်းတဲ့ အမြင်တွေရှိတယ်၊ ပြီးတော့ သူတို့ရည်မှန်းထားတဲ့အတိုင်း နိုင်ငံရဲ့
ကျေးလက်ဒေသတွေမှာ မီးရရှိဖို့နဲ့ ၂၀၃၀မှာ တနိုင်ငံလုံး မီးလင်းရမယ်ဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်မှာ အရေးပါတဲ့အခန်းကနေ လုပ်ဆောင်
ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။"

APR စွမ်းအင် ကျောက်ဆည်စက်ရုံကို ၂၀၁၄ခုနှစ်၊ ဧပြီလကတည်းကပင် စတင်လည်ပတ်ခဲ့ပြီး မြန်မာ့သဘာဝဓာတ်ငွေ့ဖြင့် လုပ်ကိုင်
သည်။ စက်ရုံကို ၂၀၁၅ခုနှစ် နှစ်စတွင် နိုင်ငံ၏ စွမ်းအင်လိုအပ်မှုနှင့် ကိုက်ညီမှုရှိစေရန်အတွက် ၂၀မီဂါဝပ် တိုးချဲ့ခဲ့သည်။