၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေနှင့် ပတ်သတ်သည့် ဥပဒေသစ်ပြဌာန်းပေးရန် မျှော်လင့်နေကြ

...

၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေနှင့် ပတ်သတ်သည့် ဥပဒေသစ်ပြဌာန်းပေးရန် မျှော်လင့်နေကြ

Myanmar Times, 30 Dec 2016

URL: http://www.mmtimes.com/index.php/business/24372-construction-and-real-estate-sectors-pin-2017-hopes-on-new-legislation.html
ဆောက်လုပ်ရေးကဏ္ဍသည် ၂၀၁၆ခုနှစ်ကုန်ဆုံးသွားသည့်အတွက် အတော်ပင် စိတ်သက်သာရာ ရလိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
ထိုနှစ်တွင် နိုင်ငံရေးအကူးအပြောင်းဖြစ်ခြင်း၊ အထပ်မြင့်ဆောက်မှုများအား ပြန်လည်သုံးသပ်မှုများရှိလာခြင်း နှင့် ဖွံ့ဖြိုးမှုလုပ်သူများအား ချုံးချုံး
ချစေမည့် ငွေလှဲလှယ်နှုန်း မတည်ငြိမ်ဖြစ်အောင် လုပ်ကြံမှုများရှိခြင်းစသည်တို့ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း အိမ်ခြံမြေစျေးကွက်တွင် ပြန်
လည်ဦးမော့လာမည့် အရိပ်လက္ခဏာများလည်း ရှိခဲ့သည်၊ ၂၀၁၇ခုနှစ်တွင် ဥပဒေသစ်ပေါ်ပေါက်လာပါက လုပ်ငန်းနှစ်ခုစလုံး အခြေအနေပိုမို
ကောင်းမွန် ဦးမော့လာနိုင်မည်ဖြစ်သည်။

" တကယ်ကို ဆိုးရွားတဲ့ နှစ်တနှစ်ပါပဲ၊ အထူးသဖြင့် ၂၀၁၅ ကစပြီး နှေးနှေးပဲ လိုက်လာတာပေါ့ " ဟု MKT ဆောက်လုပ်ရေးမှ ဥက္ကဌနှင့် CEO
ဖြစ်သူ ဦးမျိုးမြင့်က ပြောခဲ့သည်။

ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်း နှစ်ခုစလုံးသည် နောင်နှစ်တွင် ဥပဒေသစ်ပြဌာန်းပေးရန်နှင့် ပတ်သတ်၍ အမျှော်လင့်ကြီး မျှော်လင့်
ထားကြသည်။ လွှတ်တော်တွင် နှစ်အတန်ကြာ ဆွေးနွေးပြီးနောက် ကြာရှည်စွာစောင့်ဆိုင်းခဲ့ရသည့် ကွန်ဒိုမီနီယမ်ဥပဒေကို ဇန်နဝါရီလတွင်အ
ဆိုပြုမှုအောင်မြင်ခဲ့သည်။

စည်းမျဉ်းစည်းကမ်းများအား အပြီးသတ်ပြင်ဆင်ခြင်းများပြုလုပ်နေပြီး နောက်ဆုံးအပြီးသတ်ဥပဒေမူကြမ်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ
ရှေ့နေများရုံးချုပ်သို့ ပေးပို့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးစိုင်း
သက်နိုင်မိုးက ပြောပြခဲ့သည်။

ဥပဒေတွင် အရည်အသွေးပြည့်မီသည့် ကွန်ဒိုများကို နိုင်ငံခြားသားများအားဝယ်ယူခွင့်ပြုမည်ဖြစ်သည်။