၂၀၁၇ ခုနှစ်တွင် မရေရာမှုများ ရင်ဆိုင်နေရအုံးမည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

Myanmar Times, 30 Dec 2016
URL: http://www.mmtimes.com/index.php/business/24373-farming-sector-faces-uncertain-2017.html
လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်နေကြသူများသည် အစိုးရအသစ်လက်ထက်တွင် စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရန်အတွက် မျှော်လင့်ထားကြသော်လည်း
ရာသီဥတုဆိုးရွားခြင်း၊ ငွေလဲလှယ်နှုန်းတည်ငြိမ်မှုမရှိခြင်းနှင့် တရုတ်သို့ တင်ပို့မှုများ ကျဆင်းခြင်း စသည်တို့ကြောင့် ခက်ခဲသော နှစ်ဖြစ်ခဲ့သည်။၂၀၁၇ ခုနှစ်တွင် ပိုမိုကောင်း
မွန်သည့် ငွေကြေးပံ့ပိုးမှု၊ ပို့ကုန်စျေးကွက်သစ်များနှင့် ခေတ်မီနည်းပညာသစ်အသုံးပြုခြင်းများ မြှင့်တင်မှု ရှိမရှိတို့ အပေါ်မူတည်၍ တိုးတက်မှုရှိမရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
နိုင်ငံရှိ လယ်သမားများသည် ချေးယူခြင်း၊ အပင်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် အကြွေးပြန်လည်ပေးဆပ်ခြင်း သံသရာတွင် ကာလကြာရှည်စွာ ရင်းနှီးလည်ပတ်နေပြီဖြစ်ပြီး
ဤအကြောင်းကိစ္စများအားလုံးနှင့် ပတ်သတ်၍ ပူပင်သောကရှိကြသည်။ နိုင်ငံစီးပွားရေး၏ ၇၀ ရာခိုင်နှုန်းရှိသော စိုက်ပျိုးရေး ကျဆင်းလာမှုအပေါ် ဂယက်ရိုက်မှုများ ပျံ့နှံ့နေ
ပြီး အခက်အခဲများဖြစ်ပွားနေသည်။
“ဒီနှစ်မှာ အမြတ်လုံလုံလောက်လောက်မရှိခဲ့ပါဘူး။ နောင်နှစ်မှာ များများရမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါကတော့ ကျွန်တော်နှစ်တိုင်းပြောနေကျစကားပါပဲ။ အခု ကျွန်
တော်အသက် ၆၀ ရှိပြီ ” ဟု လယ်သမားကြီး ဦးစန်းဝင်းက စိတ်ပျက် လက်ပျက်ပြောခဲ့သည်။ ယခုနှစ်တွင် သူ၏ စပါးကို ရိတ်သိမ်းပြီးနောက် သူမှ ကုလားပဲစိမ်းနှင့် ကုလားပဲ
ကို စိုက်ပျိုးနေသည်။
မိုးစပါးကို သူ၏ လယ် ခုနစ်ဧကပေါ်တွင် စိုက်ပျိုးခဲ့ပြီး ၎င်း၏အကြွေးများကို အလုံအလောက်ဆပ်နိုင်လိမ့်မည်ဖြစ်သလို နောက်ထပ်ကောက်ပဲသီးနှံများအတွက် အရင်းအနှီး ရ
ရှိနိုင်လိမ့်မည်ဟု တွေးထားသော်လည်း ထိုသို့ မဖြစ်ခဲ့ပေ။ ထွက်ရှိသည့် ပမာဏသည် နည်းပါးခဲ့ပြီး စျေးကွက်အေးနေသောကြောင့်ဖြစ်သည်။
“ ရွှေတချို့ ကျွန်တော် ပေါင်ထားရတယ်၊ ဒါပေမယ့် ပဲစိုက်ဖို့အတွက် ချေးထားတဲ့ ငွေတွေကို ပြန်မပေးနိုင်သေးဘူး ” ဟု သူကပြောခဲ့သည်။၎င်းကဲ့သို့သော လယ်သမားများသည်
ခန့်မှန်းခြေအားဖြင့် အနည်းဆုံး နှစ်သန်းရှိပြီး ၎င်းတို့ထဲမှ ၁.၈သန်းသည် အကြွေးတင်နေကြသူများဖြစ်သည်။
၂၀၁၆ ခုနှစ်ထက် ပိုမိုကောင်းမွန်လာရန်လည်း မျှော်လင့်နေကြသည်။ စိုက်ပျိုးစီးပွားရေးလုပ်ငန်းများသည် အစိုးရသစ်လက်ထက်တွင် ပြောင်းလဲမှုအများအပြားနှင့် ပိုမိုကောင်းမွန်
သည့် သဘာဝဝန်းကျင်ရရှိမည်ဟု ထင်ထားကြကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှိ အဆင့်မြင့်အရာရှိများက ပြောခဲ့သည်။ “ ဒါပေမယ့် တကယ့်ကိုခက်ခဲတဲ့ နှစ်တစ်နှစ်ပါပဲ ” ဟု သူ
ကပြောခဲ့သည်။
စပါးစျေးကျဆင်းနေသည်မှ နှစ်အတော်ကြာပြီဖြစ်သည်၊ သို့သော်လည်း ယခုနှစ်တွင် အဆိုးရွားဆုံးကျဆင်းခဲ့သည်ဟု ဦးမျိုးတင့်ထွန်းကပြောခဲ့သည်။ အချို့နယ်မြေများတွင် စပါး
ဝယ်ယူမည့် အစီအစဉ်ကို အစိုးရက ကြေငြာခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမြတ်မိုးကျော်က ပြောခဲ့သည်။သို့သော်လည်း ဒီဇင်ဘာလ ၂၃
ရက်နေ့ထိ စတင်နိုင်မှု မရှိသေးပေ။
အစိုးရသည် ဆန်စပါးနှင့် ကောက်ပဲသီးနှံအတွက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖရိကနှင့် ဥပရောပအပါအဝင် နိုင်ငံခြားစျေးကွက်ရရှိရန် ကြိုးပမ်းရှာဖွေနေသည်၊ ပဲနှင့် ပဲတောင့်ရှည်
တန်သန်းပေါင်းများစွာကို အိန္ဒိယသို့တင်ပို့မည်ဖြစ်သည်။ သို့သော်လည်း ဝယ်ယူသူများမှ မြန်မာ့ကောက်ပဲသီးနှံများ၏ အရည်အသွေးအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။ “ (အခြား
နိုင်ငံ)တွေက ကျွန်တော်တို့ကောက်ပဲသီးနှံတွေကို အရည်အသွေးကြောင့် လက်မခံဘူး၊ သူတို့ပြောတာကတော့ ဓာတ်မြေသြဇာမှာ ဓာတုဆေး အများအပြားထည့်ထားတယ်လို့
ပြောတယ် ” ဟု ကိုနေစိုးက ပြောခဲ့သည်။
မြန်မာ့စိုက်ပျိုးရေးသည် ရာစုနှစ်များစွာ လျစ်လျူရှုခံရခြင်းနှင့် နည်းပညာသစ်များနှင့် ကိရိယာပစ္စည်းသစ်များ နည်းပါးခြင်းတို့ရှိသည်။ “ကျွန်တော်တို့ ဘာမှ မသိပါဘူး” ဟု နေ
ပြည်တော်ရှိ လယ်သမား ဦးစန်းဝင်းက ပြောသည်။ “ GMO ( မျိုးရိုးဗီဇအလိုက်ပြုပြင်ထားတဲ့ဇီဝ)လိုမျိုး နည်းပညာတွေနဲ့ နှစ်မျိုးစပ်နည်းပညာတွေက ကျွန်တော်တို့အတွက် အ
သစ်အဆန်းပါပဲ။ ”