အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ရှေ့ပြေးစမ်းသပ်စစ်ဆေးမှု ဒေသ ၄ခုတွင် စတင်

...

အီလက်ထရွန်းနစ် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ရှေ့ပြေးစမ်းသပ်စစ်ဆေးမှု ဒေသ ၄ခုတွင် စတင်

Myanmar Times, 13 Jan 2017

URL: http://www.mmtimes.com/index.php/national-news/24538-smart-id-pilot-project-rolls-out-in-4-test-areas.html
လက်ထရွန်းစနစ်ကတ်ပြားများ အစားထိုးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။အလုပ်သမား၊လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်မှ မြန်မာတိုင်မ်းသို့ ဇန်နဝါရီလ ၁၁ ရက်နေ့ကပြော
ကြားရာ၌ ရှေးပြေးစီမံကိန်းသည် အခက်အခဲနှင့်စိန်ခေါ်မှုများကို လေ့လာရာတွင်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောခဲ့
သည်။

ဝန်ကြီးဌာနအနေဖြင့် ရရှိလာသည့် ရလဒ်ကိုနောက်ထပ်သုံးသပ်မှုများပြုလုပ်နိုင်ရန်အတွက်အစိုးရထံသို့တင်သွင်းမည်ဖြစ်ကြောင်း
၎င်းကပြောခဲ့သည်။
“ ဒီရှေ့ပြေးစမ်းသပ်စံမံကိန်းမှ ပြည်နယ်အချို့ တိုင်းအချို့ပါဝင်ပါတယ်။ ဘယ်သူ့ကိုမှ အီလက်ထရောနစ်ကတ်ပြားသစ်မထုတ်ပေး
ပါဘူး။ မတူညီတဲ့ နေရာဒေသတွေမှာ မျက်လုံးသူငယ်အိမ်ဖတ်ခြင်းနဲ့ လက်ဗွေစနစ်ကောက်ယူခြင်းတို့ပြုလုပ်ရာမှာ တွေ့ရမယ့်စိန်
ခေါ်မှုအခက်အခဲတွေကို ကျွန်တော်တို့လေ့လာနေတာပဲဖြစ်ပါတယ် ” ဟု သူကပြောခဲ့သည်။

နောက်ဆုံးရည်ရွယ်ချက်မှာ ပိုမိုလုံခြုံမှုရှိစေရန်နှင့် ရေရှည်ဖြစ်သွားစေရန်အတွက် လက်ရှိကတ်ပြားများနေရာတွင် နိုင်ငံသားအီ
လက်ထရောနစ်ကတ်ပြားများ ထုတ်ပေးသွားရန်ဖြစ်သည်။

နေပြည်တော် မန္တလေး၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပြုလုပ်နေပြီး စစ်တွေ၊ မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များ
တွင် ရှေ့ပြေးစမ်းသပ်ချက်ဆိုင်ရာ စာရင်းကောက်ယူစစ်ဆေးမှုများလုပ်ဆောင်ရန်ရွေးချယ်ခဲ့သည်။ မျှော်လင့်ထားသည့် ရလဒ်များ
ကို အကောင်အထည်ဖော်ရာတွင်အသုံးပြုနိုင်ရန်ဖြစ်သည်။

ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ရှေ့ပြေးစမ်းသပ်ချက်ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည်။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ပြောကြားချက်အရ ရှေ့ပြေးစမ်းသပ်စီမံကိန်းလုပ်ဆောင်သည့် နေရာဒေသများတွင် နေထိုင်
သူများအား ၎င်းတို့တွင် သန်းခေါင်စာရင်းနှင့် NRCကတ်ပြားရှိမရှိမေးမြန်းမည်ဖြစ်သည်။ ထိုစာရွက်စာတမ်းပျောက်ဆုံးသွားသူ
များသည် ကိုယ်ရေးကိုယ်တာဆိုင်ရာမေးခွန်းများမေးမြန်းထားသည့် အချက် ၁၆ ချက်ကို ဖြည့်သွင်းနိုင်သည်။ လူဝင်မှုကြီးကြပ်
ရေးအရာရှိမှ လူတိုင်းလူတိုင်း၏ ကိုယ်ရေးအချက်အလက်များကို ရေးမှတ်မည်ဖြစ်ပြီး လက်ဗွေ၊ ဓတ်ပုံနှင့် မျက်လုံးသူငယ်အိမ်စ
သည်တို့ကို စကမ်ဖတ်မည်ဖြစ်သည်။