တောင်ငူပညာရေးကောလိပ်အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ

The Global New Light of Myanmar, 21 Jan 2017
URL: https://issuu.com/myanmarnewspaper/docs/21_jan_17_gnlm
တောင်ငူပညာရေးကောလိပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သမ္မတဦးထင်ကျော်၏ဇနီးဒေါ်စုစုလွင်နှင့် ဒုသမ္မတဦးမြင့်ဆွေတို့မှ တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကောလိပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် မြန်မာစံတော်ချိန် ၉နာရီခွဲတွင် စတင်ခဲ့ပြီး ပြည်ထောင်စုပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၊ ပဲခူးတိုင်းဝန်ကြီး ၊ မြန်မာနိုင်ငံဆိုင်
ရာဂျပန်သံအမတ်ကြီး H.E Mr Takeshi Higuchi နှင့် တောင်ငူပညာရေးကော်လိပ်ကျောင်းအုပ်ဒေါ်ငြိမ်းငြိမ်း စသည်တို့မှ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်၊ ဒုသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေသကြီးဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီး၊
မြန်မာနိုင်ငံဆိုင်ရာဂျပန်သမ္မတနှင့် ကောလိပ်ကျောင်းအုပ်တို့မှ အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းမှတ်ပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။ ထို့နောက် ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များမှ စာကြည့်တိုက်၊
ကျောင်းဆေးပေးခန်း ၊ နားနေအပန်းဖြေစင်တာ၊ ကျောင်းတွင်း သိပ္ပံခန်း၊ စာသင်ခန်းများ ၊ ကွန်ပြူတာခန်း နှင့် ကျောင်းသားအဆောင်များကို လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး သင်တန်း
သားများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။
တောင်ငူပညာရေးကောလိပ်ကို ၁၉၆၇ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း ၊ ၁၉၉၃ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံ ၊ ၁၉၉၈ ခုနှစ်တွင် ပညာရေးကောလိပ်အဖြစ် အဆင့်ဆင့်ပြောင်း
လဲ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပညာရေးကောလိပ်ကို မြန်မာ့လူ့ဘောင်နှင့် လိုက်လျောညီထွေပြုမူ ပြောဆိုနေထိုင်တတ်ပြီး ဆရာဟူသော ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် ဆရာမွန်များ ပေါ်ထွန်းလာစေရေးအတွက် ပြုစု
ပျိုးထောင်လေ့ကျင့်ပေးရန်၊ မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်ရန် ဘက်စုံပညာရေးလုပ်ငန်းများတွင် တာဝန်ယူနေကြရသော ဆရာ ဆရာများ၏ ပညာဗဟု
သုတတိုးပွားရင့်သန်ရေးအတွက်လည်းကောင်း၊ သင်နည်းများပိုမိုကောင်းမွန်ရေးအတွက်လည်းကောင်း ၊ လုပ်ငန်းရပ်များကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှုအတွက်လည်းကောင်း ၊ ကြံဆတီ
ထွင်စမ်းသပ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။