အင်အားကြီးသောတိုင်းရင်းသားများက အင်အားငယ်သည့် တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံမှ ပြောကြား

...

အင်အားကြီးသောတိုင်းရင်းသားများက အင်အားငယ်သည့် တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံမှ ပြောကြား

The Global New Light of Myanmar, 01 Feb 2017

URL: https://issuu.com/myanmarnewspaper/docs/1_feb_17_gnlm
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့နံနက်တွင် နေပြည်တော်၌ ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်
နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းရင်းသားများအနေဖြင့် မိမိကိုယ်ကို စောင့်ရှောက်နိုင်မည့် အင်အားရှိပါကြောင်း၊ ထို့ကြောင့် အရေအတွက်များသော တိုင်းရင်း
သားများမှ လူနည်းစုနှင့် လူမျိုးစုငယ်များ၏ဘာသာစကားနှင့်ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများအား မပျောက်ကွယ် အောင် စောင့်ရှောက်ရမည့် ကြီးလေးသည့် တာဝန်ရှိပါကြောင်း၊
မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကို ချဉ်းကပ်ဆောင်ရွက်မည်ဆိုပါက လူမျိုးစုငယ်များ၏ လိုအပ်ချက်များကိုလည်း မမေ့ရန်လိုအပ်ပါကြောင်း၊ အရေအတွက်များ၍
အင်အားကြီးသော တိုင်းရင်းသားများက အင်အားငယ်သည့်တိုင်းရင်းသားများကို ညှာတာ၍ ၎င်းတို့၏ အခွင့်အရေးကိုလည်း ကာကွယ်ရမည့် တာဝန်ရှိသည်ကို နှလုံးသွင်းဆောင်ရွက်
သွားကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုင်းရင်းသားများစုစည်း၍ တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာ၌ တာဝန်ကိုလည်း သတိပြုရန်လိုပါကြောင်း၊ အခွင့်အရေးလိုချင်ပါက တာဝန်ကို
လည်း သိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရှေ့နေချုပ်ရုံးမှ အရာရှိများ၊ တရားရေးရာကျွမ်းကျင်သူများနှင့် ပညာသင်ဆုရသူများမှ မူကြမ်းနည်းဥပဒေများ၏ ဥပဒေပိုင်းဆိုင်ရာကဏ္ဍအသီးသီးကို ဆွေးနွေး
ရန်အတွက် ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး
စီးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

တက်ရောက်လာကြသူများက နည်းဥပဒေ ကနဦးမူကြမ်းနှင့်စပ်လျဉ်း၍ အဖွဲ့များခွဲကာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။