အစိုးရ ငြိမ်းချမ်းရေးကော်ရှင်မှ NCA ရေးထိုးရေးနှင့် ညီလာခံတက်ရောက်နိုင်ရေးဆွေးနွေးလိုကြောင်း UNFC ထံသို့စာပေးပို့

...

အစိုးရ ငြိမ်းချမ်းရေးကော်ရှင်မှ NCA ရေးထိုးရေးနှင့် ညီလာခံတက်ရောက်နိုင်ရေးဆွေးနွေးလိုကြောင်း UNFC ထံသို့စာပေးပို့

Mon News Agency, 02 Feb 2017

URL: http://monnews.org/2017/02/02/govt-peace-commission-contacts-unfc-to-discuss-nca-inking-and-conference-attendance/
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCAလက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂၁ရာစုပင်လုံညီလာခံတက်ရောက်နိုင်ရေးဆွေးနွေးလိုကြောင်း လက်မှတ်မထိုးရသေးသည့်
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)သို့ ငြိမ်းချမ်းရေးကော်မရှင်မှ စာပေးပို့အကြောင်းကြားထားသည်ဟု ငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေက ယမန်နေ့
က ပြောခဲ့သည်။

UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးအဖွဲ့တို့သည် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်း
မိုင်မြို့၌ အလွတ်သဘောတွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

“ ကျွန်တော်တို့ ဇန်နဝါရီလ ၁၃ ရက်နေ့က ချင်းမိုင်မှာ အလွတ်သဘောတွေ့ဆုံခဲ့တယ်၊ DPN နဲ့ပေါ့။ အခုငြိမ်းချမ်းရေးကော်မရှင်က ဇန်နဝါရီ ၂၆ ရက်မှာ စာပို့အကြောင်းကြားထားတယ်။
တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်းပေါ့။ ရန်ကုန်မှာ ဆွေးနွေးဖို့ပေါ့။ NCA ထိုးမယ့်ကိစ္စနဲ့ ညီလာခံမှာ ပါဝင်လာနိုင်ရေးအတွက် ဒါတွေကို ဆွေးနွေးသွားမယ် ”ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့
ဝင် ဦးလှမောင်ရွှေ ကပြောသည်။

UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ကြပြီး ၂၁ ရာစုပင်လုံညီလာခံသို့ လေ့လာသူအ
ဖြစ်သာ တက်ရောက်ခွင့်ရမည်ဆိုလျှင် တက်ရောက်မည်မဟုတ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဖွင့်
ထားသရွေ့ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့အစည်းများဖြစ်သော UNFC တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ မွန်ပြည်သစ်ပါတီ(NMSP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)
၊ ကရင်နီတိုးတက်ရေးပါတီ(KNPP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC), ၊ "ဝ" အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (WNO) ၊နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့်လက်နက်
ကိုင်အဖွဲ့များ ပါဝင်သည်။