အိမ်ငှားများအတွက် ငွေတပေါင်းတည်းပေးရမှု မြင့်တက်နေသော အိမ်ငှားခ ပြဿနာ

...

အိမ်ငှားများအတွက် ငွေတပေါင်းတည်းပေးရမှု မြင့်တက်နေသော အိမ်ငှားခ ပြဿနာ

Myanmar Times, 06 Feb 2017

URL: http://www.mmtimes.com/index.php/business/24839-lump-sum-rent-a-growing-problem-for-tenants.html
စီးပွားရေးမြို့တော်တွင် အိမ်ငှားရမ်းခများမြင့်တက်နေသောကြောင့် (၆)လစာ သို့မဟုတ် (၁)နှစ်စာငွေ ကြိုတင်သွင်းရမှုများတိုးမြင့်လာမှုသည် ရန်ကုန်မြို့တွင် နေထိုင်သူများနှင့်
စီးပွားရေးမြေငှားသူများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်။

ကျောက်တံတားမြို့နယ်၊ လမ်း(၄၀)ရှိ တိုက်ခန်းတွင် ဇနီးနှင့်အတူ ငှားရမ်းနေထိုင်သည့် ဦးစိုးဝင်းမောင်က တိုက်ခန်းအခန်းတစ်ခန်းငှားရမ်းရန်အတွက် လိုအပ်သည့်ငွေကို တခါ
တည်းအလုံးအခဲအလိုက်ပေးဖို့ သူ့အနေနဲ့မတတ်နိုင်ကြောင်း ပြောပြခဲ့သည်။

၎င်းတို့နေထိုင်သည့်လမ်းပေါ်တွင် ဦးစိုးဝင်းနိုင်မှ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်လှစ်ထားပြီး အိမ်ငှားဖို့ရှိလာခဲ့သည်။ ဇနီးမောင်နှံအတွက် ၆ လစာငှားရမ်းခကြိုတင်ပေးငွေသည် တကယ့်
ကိုငွေရေးကြေးရေးအားဖြင့် စိန်ခေါ်မှုပြဿနာဖြစ်သည်။ ၎င်းတို့သည် အိုဟောင်းနေပြီဖြစ်သည့် သုံးထပ်အဆောက်အဦး သုံးလွှာမြောက်၏ ထပ်ခိုးပေါ်တွင် နေထိုင်ကြသည်။
လစဉ်ငှားရမ်းခမှာ တစ်လလျှင် တစ်သိန်း ခြောက်သောင်းကျပ်ဖြစ်ပြီး ၆ လစာငှားရမ်းခအတွက် ငွေကျပ် ကိုးသိန်းခြောက်သောင်း(၉၆၀၀၀၀)ကျပ် ကြိုတင်ပေးသွင်းရသည်။

“တစ်လတစ်ခါပေးရမယ်ဆိုရင်တော့ ကျွန်တော်တို့အဆင်ပြေတာပေါ့။ တပေါင်းတည်းပေးဖို့ ကျွန်တော်တို့မတတ်နိုင်ပါဘူး။ ဒါကြောင့် အခန်းကို အခြားမိသားစုနဲ့ ကျွန်တော်တို့
မျှနေရတော့မှာပေါ့။ ကျွန်တော်တို့အခန်းကို အခြားသူတွေနဲ့ မျှပြီးမနေချင်ပေမယ့်လည်း ရွေးစရာလမ်းမရှိဘူးလေ ” ဟု ၎င်းကပြောပြခဲ့သည်။

ရုံးသမားဖြစ်သူကိုဖုန်းကျော်က မြေငှားစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ငှားရမ်းခကြိုတင် တစ်ပေါင်းတည်းပေးရခြင်းသည် ငှားရမ်းသူများအတွက် တရားမျှတမှုမရှိကြောင်း
ပြောခဲ့သည်။

“ ကျွန်တော်တို့အခန်းငှားတဲ့အခါငှားတဲ့နေရာက နည်းနည်းကြည့်ရုံလောက်နဲ့ ကျွန်တော်တို့အတွက် သင့်တော်မှုရှိမရှိ ချက်ချင်းလက်ငင်းမသိနိုင်ပါဘူး။ ဒါကြောင့်(ဆုံးဖြတ်ချက်
မချခင်) တစ်လ ၊နှစ်လလောက်တော့ နေကြည့်ဖို့လိုတာပေါ့၊ တကယ်လို့ နေကြည့်လို့ အဆင်မပြေဘူးဆိုရင် ကျွန်တော်တို့ပြောင်းရွှေ့လို့ရတယ်လေ” ဟု သူကပြောပြခဲ့သည်။သို့
သော်လည်း လက်ရှိစနစ်မှာ ငှားရမ်းသူများ အခြားတနေရာရာသို့ စောစောစီးစီးပြောင်းရွှေ့သွားရန် ဆုံးဖြတ်ပါက ပေးသွင်းထားမှုများ ဆုံးရှုံးခံကြရသည်။

ဆိုင်ရှင်များသည်လည်း ထိုသို့သော အလားတူပြဿနာများ ရင်ဆိုင်နေကြသည်။ ထိုစနစ်သည် စီးပွားရေးလုပ်ငန်းများကို ပါ အခက်အခဲကြုံစေသည်ဟု ကျောက်တံတားမြို့နယ်၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုပေါက်စီကပြောသည်။

“ ကျွန်တော့်စားသောက်ဆိုင်က မြေညီထပ်မှာပါ။ ငှားရမ်းခက တစ်လကို ၁၀ သိန်းပေးရပါတယ်။ ဒါပေမယ့် ၁၂လစာ တခါတည်းကြိုတင်ပေးရတယ်။ ဒါကြောင့် ပိုင်ရှင်က နောင်
နှစ် ကျန်တဲ့(၁၁)လအတွက်ပါ အပိုဆောင်း သိန်းတစ်ရာ့တစ်ဆယ် ထပ်တောင်းလာမယ်ဆိုရင်တော့ ဒီငှားရမ်းခ ဒီစနစ်နဲ့ ကျွန်တော်တို့စီးပွားရေးလုပ်စားလို့ရနိုင်မှာမဟုတ်တော့ပါ
ဘူး” ဟု ၎င်းက ညည်းတွားပြောပြခဲ့သည်။

၁၉၆၀ခုနှစ် မြို့ပြမြေငှားရမ်းခထိန်းချုပ်မှုဥပဒေတွင် မြေပိုင်ရှင်များအား စရန်ငွေအဖြစ် ငှားရမ်းခ တစ်လစာသာယူရန် ခွင့်ပြုထားပြီး တစ်လစာထက်ပိုယူခွင့် မပြုပေ။ ထိုဥပဒေသည်
မြေငှားရမ်းခစျေးကွက်ကို ထိန်းချုပ်ရန် နှင့် အိမ်ငှားသူများအား ပိုင်ရှင်များမှသြဇာလွှမ်းမိုးမှုမရှိစေပဲ ညီတူညီမျှဖြစ်စေရန် ရည်ရွယ်သည်။ အစိုးရမှ ဤဥပဒေကိုထိထိရောက်လုပ်
ဆောင်မည်ဆိုပါက လက်ရှိငှားရမ်းနေထိုင်သူများရင်ဆိုင်နေရသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ဥပဒေရေးရာနှင့် စီးပွားရေးအတိုင်ပင်ခံ ဦးတင်သန်းဦးကပြောပြခဲ့
သည်။ထို့ကြောင့် လက်ရှိစီမံမှုများမှာ ယခင်ဥပဒေအရ စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်နေမှုများဖြစ်သည်။

“ ဗြိတိသျှအုပ်ချုပ်ရေးကနေ လွတ်လပ်ရေးမရခင် အရင်တုန်းက ရန်ကုန်စည်ပင်သာယာရေးကော်မတီက မြေငှားရမ်းခစျေးကွက်ကို ကြီးကြပ်ဖို့နဲ့၊ မြို့ပြငှားရမ်းမှုထိန်းချုပ်ရေးဥပဒေနဲ့
ငှားရမ်းမှုကိစ္စတွေကို ဖြေရှင်းပေးဖို့တွက် ကော်မတီတစ်ခုထားရှိခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာတော့ ကြီးကြပ်တဲ့အဖွဲ့အစည်းလည်းမရှိတော့သလို အစိုးရက
လည်း ဒီဥပဒေကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်တာမရှိတော့ပါဘူး။ ဒါကြောင့်မို့လို့ ပြည်သူလူထုက ယနေ့မှာ ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေကြတာပါ” ဟု
သူကရှင်းပြခဲ့သည်။

လာမည့်အိမ်ခြံမြေလုပ်ငန်းဥပဒေပြဌာန်းမည်ဆိုပါ က အခြေအနေပြောင်းလဲမည်ဖြစ်ကြောင်း မြန်မာ့အိမ်ခြံမြေလုပ်ငန်းအသင်း(MRESA)မှ အတွင်းရေးမှူးဖြစ်သူဒေါ်မို့မို့အောင်ကပြော
ခဲ့သည်။

“ပထမဦးစွာ အိမ်ခြံမြေကဏ္ဍအတွက် ထိရောက်တဲ့ ဥပဒေပြဌာန်းဖို့ လိုပါတယ်၊ လုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲဖို့ တည်ဆဲဥပဒေမရှိပါဘူး၊ ဒါကြောင့် ပြဿနာအများအပြားရှိနေရတာ
ပါ၊ ပြီးတော့ ကျွန်မတို့ အခြေအနေကောင်းတဲ့ စီးပွားရေးရှိဖို့လိုပါတယ်၊ဘာကြောင့်လဲဆိုတော့ ဒီလို တလုံးတခဲတည်းပေးရတဲ့ငှားရမ်းခအခြေအနေက စီးပွားရေးလုပ်ငန်းတွေအပေါ်မှာလုံး
ဝကို အားထားနေရတာပဲလေ။ စီးပွားရေးကောင်းကောင်းနဲ့ ဥပဒေကောင်းကောင်းရှိမှ ဒီလိုထိခိုက်မှုကြောင့် ဘယ်သူမှဒုက္ခရောက်မှာမဟုတ်ဘူး” ဟု သူမကပြောခဲ့သည်။

ယခင်လွှတ်တော်ဥက္ကဌဟောင်းသူရဦးရွှေမန်းသည် တရားရေးရာနှင့် အထူးကိစ္စရပ်များစိစစ်ရေး အကဲဖြတ်ကော်မရှင်၏ ဥက္ကဌ ဖြစ်ပြီး ကော်မရှင်သည် အိမ်ခြံမြေလုပ်ငန်းဥပဒေအားပြ
ဌာန်းရန်အတွက် မူကြမ်းဆွဲနေသည်။