ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးပင်လုံညီလာခံကို ဖေဖော်ဝါရီလ ( ၂၈) ရက်နေ့တွင် ကျင်းပရန် အစိုးရမှ ရက်သတ်မှတ်

FRONTIER MYANMAR, 06 Feb 2017
URL: http://frontiermyanmar.net/en/govt-sets-feb-28-for-start-of-next-peace-conference
နေပြည်တော်---- ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် မြို့တော်၌ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲ
ကျင်းပရေးကော်မတီအစည်းအဝေး ပြီးနောက် အစိုးရမှ အတည်ပြုပေးခဲ့သည်။
သို့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ် မရေးထိုးထားသောသူများအား တက်ရောက်ရန် ဖိတ်ကြားမှုရှိမရှိဆိုသည်ကို ရှင်းလင်းမှုမရှိသေးပေ၊၂၀၁၅ ခုနှစ်တွင် ယခင်
အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့အား တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်သည်။
“KIA လိုမျိုး NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီအချိန်မှာ ညီလာခံ တက်မတက်ဆိုတာကိုကျွန်တော်တို့ အသေအချာ မပြောနိုင်သေးပါဘူး ” ဟု သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်
ဖြစ်သူ ဦးဇော်ဌေးကပြောသည်။ " လာမယ့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ကျွန်တော်တို့ပြုလုပ်မှာဖြစ်ပြီး လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းသွားမှာပါ ” ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရ၏ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေးညီလာခံကို NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် နေပြည်တော်၌ ယမန်နှစ်သြဂုတ်လနှောင်းပိုင်းတွင် ကျင်းပခဲ့သည်။ အ
စိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသောအဖွဲ့များမှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နှင့် ရက္ခိုင်တပ်မတော်တို့ဖြစ်ပြီး စစ်တပ်မှ တဖက်သတ်လက်နက်ချရန်
တောင်းဆိုခြင်းကြောင့် ညီလာခံမတက်ရောက်ခဲ့ကြပေ။
ယမန်နှစ်တွင် တပ်မတော်နှင့် KIAတို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA, TNLA, MNDAA နှင့် AA တို့ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ဟုအမည်ပေးထားသောအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မူဆယ်အနီးတွင် တိုက်ပွဲ
များ စတင်ဖြစ်ပွားခဲ့သည်။
UPDJC အစည်းအဝေးကိုတက်ရောက်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသော ပအို့အမျိုးသားလွတ်မြောက်ရေးအစည်းအရုံးမှ ဥက္ကဌဖြစ်သူဦးခွန်မြင့်ထွန်းက ယခုလတွင် ညီလာခံတက်ရောက်မည့်သူ အရေအတွက်
သည်ယမန်နှစ်သြဂုတ်လတွင် တက်ရောက်သည့်အရေအတွက်ကဲ့သို့ အယောက် ၇၀၀လောက်ရှိမည်ဖြစ်ပြီး အပစ်ရပ်NCA လက်မှတ်မထိုးသူများအား ညီလာခံတွင် တရားဝင်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပြုဖို့
ဆုံးဖြတ်
နိုင်ရန်အတွက် ၎င်းတို့နှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု ပြောခဲ့သည်။