ဝန်ကြီးဌာနမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ကော့သောင်းလေဆိပ်အား တိုးချဲ့ရန် စီစဉ်

...

ဝန်ကြီးဌာနမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ကော့သောင်းလေဆိပ်အား တိုးချဲ့ရန် စီစဉ်

The Irrawaddy, 08 Feb 2017

URL: http://www.irrawaddy.com/business/ministry-plans-to-expand-kawthaung-airport-to-boost-tourism.html
ရန်ကုန် ------ မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင်တည်ရှိသည့် ကော့သောင်းလေဆိပ်အား နိုင်ငံ၏နောက်ထပ်နိုင်ငံတကာအပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုဖြစ်လာစေရန်အတွက် လေဆိပ်အား တိုးချဲ့ရန်
စိတ်အားထက်သန်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။

ဝန်ကြီးဦးအုန်းမောင်မှ တနင်္သာရီတိုင်းအစိုးရနှင့် ၎င်း၏ဝန်ကြီးဌာနသည် ကော့သောင်းပြည်တွင်းလေဆိပ် တိုးချဲ့ရန်အဆိုပြုထားခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်းသ
တင်းမီဒီယာဖြစ်သည့် 7 Day Daily ကဖော်ပြခဲ့သည်။

ကျွန်းများနှင့်ဝိုင်းရံထားသည့်မြိတ်ကျွန်းစုသည် သယ်ယူပို့ဆောင်ရေးတွင် အခြေခံကျသည့်အဆောက်အဦးများဆောက်လုပ်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားများအား ကြီးကြီးမားမားဆွဲဆောင်နိုင်စွမ်းရှိသည်ဟု
ဝန်ကြီးကပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဒေသကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင် နိုင်ငံတကာက လေယာဉ်တွေ တိုက်ရိုက်ဆင်းသက်နိုင်ဖို့အတွက် ကော့သောင်းလေဆိပ်ကို တိုးချဲ့ဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီအစီအစဉ်ကို တိုင်းဒေသကြီး
အစိုးရနဲ့ဆွေးနွေးခဲ့ပါတယ်၊ စီမံကိန်းဝန်ကြီးဌာနနဲ့လည်းဆွေးနွေးခဲ့ပါတယ် ” ဟု ဦးအုန်းမောင်၏ ပြောကြားချက်ကို ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာလေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးရဲထွဋ်အောင်က ကော့သောင်းလေဆိပ်တိုးချဲ့ရန်အတွက် ဆွေးနွေးမှုတွင် ၎င်းတို့ဌာနမှ မ
ပါဝင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။ အစိုးရမှ ရှေ့ဆက်မလုပ်ဆောင်မီ လေကြောင်းပို့ဆောင်ရေးဌာနက အတည်ပြုပေးရန်လိုအပ်သည်။

“ ကော့သောင်းလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်ပြောင်းဖို့ ကျွန်တော်တို့အနေနဲ့ အစီအစဉ်မရှိသေးပါဘူး” ဟု ဦးရဲထွဋ်အောင်က ပြောခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာလေယာဉ်များအား ဆင်းခွင့်ပြုသည့်လေဆိပ် (၃)ခုသာ ရှိသေးသည်။ ၎င်းတို့မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ဖြစ်သည်။ လေးခုမြောက်ဖြစ်လာမည်ဖြစ်သည့် ပဲ
ခူးတိုင်းရှိ ဟံသာဝတီလေဆိပ်သည် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ပါဝင်သည့် မြိတ်ကျွန်းစုသည် ကပ္ပလီပင်လယ်အတွင်း စတုရန်းမိုင် တစ်ထောင်ကျော် ကျယ်ပြန့်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဤဒေသကြီးအား အနာဂတ်တွင် အဓိက ကမ္ဘာလှည့်ခရီးသွားနေရာအဖြစ်တိုးမြင့်လုပ်ဆောင်ရန် စီစဉ်နေသည်။ လက်ရှိ ကော့သောင်းခရိုင်၌ရှိသော ဟိုတယ်များ
တွင် စုစုပေါင်းအခန်းပေါင်း ၄၈၂ ခန်း ရှိသည်။

ဝန်ကြီးဌာန၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းမှ ရရှိလာသည့်ဝင်ငွေသည် ၂၀၁၀ခုနှစ်တွင် ဒေါ်လာ(၂၅၄)သန်းရှိပြီး ၂၀၁၄ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ(၁.၈)ဘီလီယမ်
အထိ မြင့်တက်လာကြောင်း သိရှိရသည်။