စာမတတ်မြောက်သူများနှင့် အထူးလိုအပ်ချက်ရှိသူကလေးများအတွက် ပညာရေးနည်းလမ်းသစ်အစီအစဉ် ဧပြီလတွင် အဆင်သင့်ဖြစ်မည်

Myanmar Times, 14 Feb 2017
URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/24937-education-plans-for-illiterate-special-needs-children-ready-by-april.html
နိုင်ငံတွင် စာတတ်မြောက်မှုနှုန်း တိုးမြင့်လာစေရန်နှင့် ကံမကောင်းအကြောင်းမလှသည့်ကလေးသူငယ်နှင့် လူငယ်လူရွယ်များကို ပညာရေးပံ့ပိုးပေးရန်တွက် ပညာရေးအစီအစဉ်သစ်တစ်ခုသည်
ဧပြီလကုန်တွင် အဆင်သင့်ဖြစ်လာတော့မည်ဟု ပညာရေးနည်းလမ်းသစ်ဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာခိုင်မြဲက ပြောခဲ့သည်။
“ပညာရေးနည်းလမ်းသစ် မူဝါဒဘောင်ဟာ ကျောင်းမတက်ရောက်နိုင်တဲ့သူတွေကို လိုအပ်တဲ့ ဗဟုသုတတွေ ပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ် ” ဟု သူကပြောခဲ့သည်။
ရွှေ့ပြောင်းမိသားစုများမှ ကလေးများ၊ မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး အရွယ်ရောက်သူများ စာမတတ်မြောက်မှုများကိုဖြေရှင်းပေးရန် စီစဉ်ထားသည်၊ အိမ်မဲ့ရာမဲ့လမ်းပေါ်က ကလေးသူ
ငယ်များနှင့် စစ်ဖြစ်ပွားနေသော ဒေသများရှိ ကလေးငယ်များနှင့် လူငယ်များအတွက် ရာသက်ပန်ပညာရေးပံ့ပိုးပေးရန်လည်း ရည်ရွယ်သည်။
“ မူဝါဒအကြမ်းကို ဧပြီလကုန်မှာ အဆင်သင့် ဖြစ်မယ်လို့ကျွန်တော်တို့ မှန်းထားပါတယ်။ မူဝါဒနည်းလမ်းတွေကို ဗဟိုကော်မတီအစည်းအဝေးကနေ ရရှိခဲ့ပါတယ်။ မူကြမ်းကို ဒေသကြီး/ပြည်နယ်
အဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ တုံ့ပြန်မှုများရရှိဖို့အတွက် တင်ပြသွားဖို့ရှိပါတယ် ” ဟု ဒေါက်တာခိုင်မြဲက ပြောခဲ့သည်။
ပညာရေးနည်းလမ်းသစ် မူဝါဒဆိုင်ရာမူဘောင်နှင့်ပတ်သတ်သည့် ဗဟိုအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီ(၇)ရက်နှင့်(၈)ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့သည်။
ဗဟိုအဆင့်အစည်းအဝေးကို တက်ရောက်ခဲ့သည့် BEAM ပညာရေးဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဦးကျော်ကျော်မင်းထွဋ်က မူဝါဒကို ချီးကျူးခဲ့ပြီး ရွှေ့ပြောင်းမိသားစုများမှ ကလေးများအား သ
မာရိုးကျ သို့မဟုတ် အလွတ်သဘောပညာရေးကို ရရှိရန် ခွင့်ပြုပေးသည့် မူဝါဒဖြစ်ကြောင်း ပြောခဲ့သည်။
“ ရွှေ့ပြောင်းမိသားစုတွေအတွက် တကယ်ကို ကောင်းတဲ့ ပညာရေးပါပဲ ” ဟု သူကပြောခဲ့သည်။ ၎င်းတို့အနေနှင့် အဆင့်မြင့်ပညာရေးကိုလည်း ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ပညာရေးနည်းလမ်းသစ်ဌာနသည် အောက်တိုဘာလ(၁)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလတွင် က
ယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပြုလုပ်သည့် စာတတ်မြောက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ပညာရေးနည်းလမ်းသစ်မူဝါဒနှင့်ပတ်သတ်သည့် ပထမဦးဆုံးအကြိမ်အစည်းအဝေးကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၌ ယခုနှစ် ဇန်
နဝါရီလတွင် ပြုလုပ်ခဲ့သည်။