ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရန် ရက်ရွှေ့ဆိုင်း

...

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရန် ရက်ရွှေ့ဆိုင်း

Mizzima, 15 Feb 2017

URL: http://www.mizzima.com/news-domestic/second-21st-panglong-conference-postponed
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းနှင့် ညီလာခံအား ယခုလအကုန်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏
နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက မိဇ္ဇျိမသို့ အတည်ပြုပြောကြားခဲ့သည်။

ညီလာခံရွှေ့ဆိုင်းရခြင်းမှာ ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံးအောင်စောင့်ဆိုင်းရန်နှင့် ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း
မဟာမိတ်အဖွဲ့တို့ တွေ့ဆုံရန်ရှိသည့်အတွက် ညီလာခံကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက“ ညီလာခံကို မတ်လအထိ ရွှေ့ဆိုင်းလိုက်တယ်၊ ဒါပေမယ့် ရက်အတိအကျတော့မရသေးဘူး၊ပြောင်းဖို့တော့ သေချာသွားပြီ။ ဘာကြောင့်လည်းဆိုတော့ လူမျိုးလိုက် ဆွေး
နွေးပွဲကို ချင်းကိုလည်း လုပ်ခွင့်ပေးလိုက်တယ်။ ချင်းက ၂၀ ရက်နေ့ကျမှ ချင်းအမျိုးသားနေ့နောက်ပိုင်းမှ လုပ်ရမယ်ဆိုတော့ မမှီတော့ဘူးလေ " ဟု ပြောသည်။

ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့ပြီးမှသာ ချင်းပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ဆွေးနွေးပွဲသည်
ယခုလကုန် သတ်မှတ်ထားသည့်ရက်မတိုင်မီအထိ အချိန်မီမပြီးစီးနိုင်သောကြောင့်ဖြစ်သည်။

ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖေဝါရီလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

" ဒီကြားထဲမှာ ချိန်းထားတာတွေနဲ့ အစည်းအဝေးတွေ အများကြီးပါတယ်။ UPC က မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့တွေ့မယ်၊ အခြားအဖွဲ့နဲ့လည်း ချင်းမိုင်မှာတွေ့ဖို့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ အချိန်
နည်းနည်းထပ်ယူတဲ့ သဘောပေါ့ဗျာ။ တဖက်က အဖွဲ့အစည်းတွေ စဉ်းစားနိုင်အောင်ပေါ့" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားခဲ့သည်။

ပထမဦးဆုံးအကြိမ် ၂၁ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် ၊ ဧပြီလကုန်တွင်ကျင်းပခဲ့သည်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့ နေပြည်တော်၌ ပြုလုပ်သည့်အစည်းဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး
နွေးပွဲပူးတွဲကျင်းပရေးကော်မတီ(UPDJC)က ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ကျင်း ပရန် သဘောတူထားခြင်းဖြစ်သည်။