နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မှ UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမည်

...

နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မှ UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမည်

The Irrawaddy, 21 Feb 2017

URL: https://www.irrawaddy.com/news/burma/state-counselor-meet-unfcs-peace-negotiation-team.html
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ လာမည့်အပတ်တွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရက်ကိုမူ နှစ်ဖက်စလုံးမှ တရားဝင်မကြေငြာသေးပေ။

DPN အဖွဲ့သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က ဖွဲ့စည်းထားသည့်နိုင်ငံရေးဆိုင်ရာဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။ အဖွဲ့အစည်းသည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
စာချုပ်တွင် လက်မှတ်မထိုးသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် UNFC ထိပ်ပိုင်းဆိုင်ရာခေါင်းဆောင်များနှင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အစိုးရငြိမ်းချမ်ရေးကော်မရှင်နှင့် UNFC ကဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)တို့ တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိကြုံတွေ့နေရ
သော အခက်အခဲအကြပ်အတည်းများနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ ဆွေးနွေးလိုကြောင်း DPN ဘက်က အဆိုပြုထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး၊ ေဦးဇော်ဌေးက “ နိုင်ငံတော်အတိုင်ပင်ခံက DPN နဲ့တွေ့နိုင်မယ့်ရက်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့လုပ်ဆောင်နေပါတယ် ” ဟု အင်္ဂါနေ့က ဧရာဝတီသို့ ပြောခဲ့သည်။

“ ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးအကောင်အထည်ဖော်တာနဲ့စပ်လျဉ်းတဲ့ မူဝါဒအကြောင်းအရာတွေအပါအဝင် DPN က အဆိုပြုထားတဲ့ အချက် ၉ ချက်ကိုလည်း ဆွေးနွေးပါမယ် ၊ အဲ့ဒါပြီးတဲ့နောက်မှာ အစိုးရငြိမ်းချမ်း
ရေးကော်မရှင်နဲ့အတူ အသေးစိတ်ဆွေးနွေးသွားပါမယ် ” ဟု ဦးဇော်ဌေးကပြောခဲ့သည်။

DPN သည် မတ်လ(၁)ရက်နေ့တွင် တွေ့ဆုံရန်အဆိုပြုထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှ DPN နှင့်တွေ့ဆုံရန် အလားအလာရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးသူများထံမှ အနီးကပ်သတင်းများအရ သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်၌ ဒေါ်အောင်ဆန်းစုကြည်မှ ထိုအချိန်တွင် အားလပ်သောကြောင့် အစိုးရမှ DPN နှင့်အစည်းအဝေးပြုလုပ်ရန် ဖေဖော်ဝါရီလ(၂၃)ရက်နေ့သတ်မှတ်ထားသော်လည်း UNFC အဖွဲ့ဝင်ချို့သည် "ဝ" ပြည်သွေးစည်းညီ
ညွတ်ရေးတပ်မတော်နယ်မြေတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးညီလာခံသို့ ခရီးလွန်နေသောကြောင့် မတ်လဆန်းတွင် တွေ့ဆုံရန် ထပ်မံဆိုပြုခြင်းဖြစ်သည်ဟု DPNခေါင်းဆောင်ဖြစ်သူ ခွန်ဦးရယ်က ပြောပြခဲ့သည်။

UNFC သည် ၂၁ ရာစုပင်လုံသို့တက်ရန် လေ့လာသူအဖြစ်နှင့်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့ကြေငြာချက်အပေါ် ဒေါ်အောင်ဆန်စုကြည် ဥက္ကဌအဖြစ်ပါဝင်သည့်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးပူးတွဲကော်မတီမှ ဆုံးဖြတ်ချက်တစုံတရာ မချမှတ်သေးပေ။