အမျိုးသားကျန်းမာရေးစီမံကိန်း ပထမအဆင့် စတင်ဆောင်ရွက်မည်

...

အမျိုးသားကျန်းမာရေးစီမံကိန်း ပထမအဆင့် စတင်ဆောင်ရွက်မည်

Myanmar Times, 07 Mar 2017

URL: http://www.mmtimes.com/index.php/national-news/25204-k55-billion-allocated-for-national-health-plan.html
အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော်ခြင်း ပထမအဆင့်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်(၂၀၁၇-၂၀၂၁)ခုနှစ်တွင် မြို့နယ်အဆင့်နှင့် အောက်ခြေကျန်းမာရေးဌာနများတွင်
၂၅ ကုတင်ဆံ့၊ ၁၆ ကုတင်ဆံ့ဆေးရုံများကို ကောင်အထည်ဖော်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာသန့်စင်ထူးက ပြောသည်။

"ဝန်ဆောင်မှုတွေမပေးခင်မှာ လိုအပ်တဲ့ အဆောက်အအုံ၊ လူအင်အားနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေနဲ့ဆေးရုံတွေဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။"

"ဒီနှစ်မှာမြို့နယ်(၇၀)လောက်နဲ့ လုပ်ပါမယ်။ အစိုးရအနေနဲ့ ၅နှစ်အတွင်း မြို့နယ် ၂၈၀ကျော်အထိလုပ်ဆောင်သွားဖို့ရည်ရွယ်ပါတယ်။"

" မြို့နယ်အားလုံးကို တပြိုင်နက်တည်းလုပ်ဆောင်ဖို့ မနိုင်နင်းတဲ့အတွက် တစ်နှစ်ကို မြို့နယ်(၇၀)လောက်လုပ်ပါမယ် " ဟု ဒေါက်တာသန့်စင်ထူးကပြောခဲ့သည်။

“ ဒီနှစ်အတွက် မြို့နယ်(၇၀)ကိုရွေးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး၊ ကျန်းမာရေးညွှန်ကြားရေးမှူးတွေနဲ့ ဆေးပညာဆိုင်ရာဌာနတွေနဲ့ ပြည်နယ်အဆင့်မှာဆွေးနွေးပြီးမှ ရွေးချယ်တဲ့မြို့နယ်တွေကို ကြေငြာပေးပါ
မယ်။”

“ ပထမဦးဆုံးနှစ်အတွက် ရင်းနှီးမြှုပ်နှံငွေ ကျပ်(၅၅)ဘီလီယမ်ရှိပါတယ်။ ကျွန်တော်တို့စီမံကိန်းကို ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုတာနဲ့ပတ်သတ်ပြီး ခုကျွန်တော်တို့ လမ်းညွှန်ချက်တွေ
ရေးဆွဲနေပါတယ်” ဟု သူကပြောခဲ့သည်။

ငွေကြေးကို ၂၅ကုတင်ဆံ့ဆေးရုံတစ်ရုံစီအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာ(၃၅)မျိုး ဝယ်ရန် အသုံးပြုမည်ဖြစ်ပြီး လူနာတင်ယာဉ်များ၊ ဓာတ်ခွဲခန်းများ၊ ဆေးဝါးများနှင့် မြို့နယ်များရှိ ကျေးလက်နှင့်
ကျေးလက်ကျန်းမာရေးစင်တာခွဲများအား ပြန်လည်ပြုပြင်ခြင်းများလည်း ပါဝင်မည်ဖြစ်သည်။

စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရအား ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးရန် ပုဂ္ဂလိက ကဏ္ဍနှင့် အခြားဆက်နွယ်သည့် အဖွဲ့အစည်းများကိုလည်း ဒေါက်တာသန့်စင်ထူးက ကမ်း
လှမ်းခဲ့သည်။

အမျိုးသားကျန်းမာရေးစီမံကိန်းကို ၂၀၃၀ ခုနှစ်တွင် တနိုင်ငံလုံးအနှံ့အတိုင်းအတာဖြင့်အောင်မြင်ရန် ရည်ရွယ်သည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဥက္ကဌ ဒေါက်တာသန်းထွန်းမြင့်က ပြည်သူလူထုမှ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန်အတွက် အစိုးရအား အဖွဲ့အစည်းအားလုံးမှ တတ်နိုင်သလောက်အကူအညီပေးရန် သ
ဘောတူညီခဲ့ကြောင်း ပြောခဲ့သည်။

“ ကျွန်တော်တို့တတ်နိုင်လောက်အကူအညီပေးဖို့ အစိုးရကတောင်းဆိုထားပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီ
ပေးသင့်ပါတယ်။"