အမျိုးသမီးများနှင့် မိန်းကလေးငယ်များအရေး ဦးစားပေးစီမံချက်ကို အစိုးရမှ အကောင်အထည်ဖော်မည်

...

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအရေး ဦးစားပေးစီမံချက်ကို အစိုးရမှ အကောင်အထည်ဖော်မည်

Myanmar Times, 08 Mar 2017

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/25224-govt-to-implement-women-and-girls-first-initiative.html
အစိုးရမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များရေးဦးစားစီမံချက်ကို ရခိုင်၊ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းစသည့် ပြည်နယ်လေးခုတွင် အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

စီမံချက်အား အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံခြင်းတို့မှ ကာကွယ်ပေးရန်ဖြစ်ပြီး ယမန်နှစ်ကပင်စတင်လုပ်ဆောင်ခဲ့သည်။ အစီအစဉ်အတိုင်း
နောင်နှစ်တွင် အပြီးသတ်လုပ်ဆောင်ရန် ရည်မှန်းထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

စီမံချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တရားရေးဆိုင်ရာလုပ်ပိုင်ခွင့်များ၊ လုံခြုံရေးကဏ္ဍ၊ မူဝါဒပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ စီးပွားရေးဆိုင်ရာအခွင့်
အလမ်း နှင့် ကျားမအခြေပြုအကြမ်းဖက်လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါဝင်သည်။

စီမံချက်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသမီးအကျိုးအတွက်ဆောင်ရွက်နေသောအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဒုက္ခသည်စခန်းများရှိ စီမံခန့်ခွဲရေးကော်မတီများနှင့် UNFPA တို့နှင့်
အတူ ပူးပေါင်းအကောင်အထည်ဖော်မည်ဟု ဒေါက်တာဝင်းမြတ်အေးကပြောခဲ့သည်။

“ ပြီးခဲ့တဲ့နှစ်မှာ ရှေ့ပြေးစီမံချက်အဖြစ် ကချင်ပြည်နယ်မှာ စတင်ခဲ့ပြီး IDP စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကျား၊မကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ကာ
ကွယ်နိုင်ဖို့အတွက် စောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။"

UNFPA ကဖွင့်လှစ်ထားသော အမျိုးသမီးငယ်များအတွက် စင်တာ ၈ ခုတွင် အသိပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်ခြင်း၊ ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်နိုင်ခဲ့သည်ဟု နေပြည်တော်တွင်ပြု
လုပ်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအရေး ဦးစားပေးစီမံချက်အခမ်းအနားတွင် ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

စီမံချက်အား လူမှုဝန်ထမ်းဌာန၊ UN မှအရာရှိများ၊ ပြည်သူ့ကျန်းမာရေးဌာနများနှင့်အတူ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး UNFPA မှတည်ထောင်ထားသည့် စင်တာများနှင့် ကချင်ပြည်
နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ ဒုက္ခသည်စခန်းများသို့လည်း ကွင်းဆင်းဆောင်ရွက်မည်ဖြစ်သည်။

၎င်းတို့ဝန်ကြီးဌာနသည် အမျိုးသမီးစောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုကာကွယ်ရေးဥပဒေတစ်ရပ်ကိုလည်း မကြာမီ အပြီးသတ်ရေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။