လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုး

...

လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုး

Burma News International, 18 Mar 2017

URL: http://www.bnionline.net/news/karenni-state/item/2842-loikaw-mae-hong-son-sign-sister-city-deal-to-foster-cooperation.html
လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ ချစ်ကြည်ရေးနိုင်ငံ ညီအစ်မမြို့တော်(sister-city) တည်ထောင်ခြင်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ နှစ်နိုင်ငံတာဝန်ရှိသူများမှ
မတ်လ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင်တာဝန်ရှိသူများမှ အကျိုးရလဒ်နေဖြင့် နှစ်ဖက်စလုံးမှ ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် အထောက်ကူပြုမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများမှ လယ်ယာစိုက်ပျိုးရေးဏ္ဍတိုးတက်အောင် ကူညီပေးမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ MoU လက်မှတ်ရေးထိုးပြီးပြီဖြစ်တာကြောင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ အတူတကွလုပ်ဆောင်သွားမှာပါ ။”

၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းကပင် မဲ့စရီးယန်းရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအတွက် နှစ်ဖက်စလုံးမှ လက်မှတ်ရေးထိုးခဲ့သည်။

ရှေ့ဆက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအတွက် နှစ်နိုင်ငံလုံးမှ တာဝန်ရှိသူများသည် နားလည်မှုစာချွန်လွှာအသစ်ကို ဇန်နဝါရီလ ဒုတိယအပတ်၌ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

“ အဓိကကတော့ ကျွန်တော်တို့ဝန်ထမ်းအချင်းချင်း ကုန်သည်အချင်းချင်းကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာနဲ့ ဟိုဘက်ဒီဘက်ဖလှယ်နိုင်တဲ့အဆင့် ဘယ်ဌာနမှ အကြောင်းကြားစရာမလိုဘဲနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ စနစ်ဖြစ်
အောင်ကြိုးစားပြီးလုပ်သွားပါမယ်” ဟု ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဝန် Suebsak Eaimvijarn က မတ်လ(၉)ရက်နေ့ လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြောကြားသွားသည်။

မြန်မာနှင့် ထိုင်းနိုင်ငံအကြားနှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့သည်။