NCA လက်မှတ်ရေးထိုးသည့်အဖွဲ့များ DPN အဖွဲ့နှင့် ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး

Eleven Myanmar, 20 Mar 2017
URL: http://www.elevenmyanmar.com/politics/8390
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့များသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းပေးသော
ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့်(DPN)နှင့် ချင်းမိုင်မြို့တွင် တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
UNFC ကို NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ NCA အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှ လက်မှတ်ရေးထိုးထားသည်။
“ ကျွန်တော်တို့ အခု UNFC အခြေအနေတွေကို ပြန်လည်ပြုပြင်မွမ်းမံနေပါတယ်။ ” ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံးမှ ထွေထွေအတွင်းရေးမှူးဖြစ်သူ ပဒိုစော
ကွယ်ထူးဝင်းက ပြောသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲ လုပ်ဆောင်မှုကော်မတီအစည်းအဝေးမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဝေမျှပေးခဲ့သည်။
UNFC ၏ DPN အဖွဲ့မှ ကိုယ်စားလှယ်များသည် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မတ်လ (၃)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ UNFC မှ တင်သွင်းသည့် အချက်(၉)ချက်၏ မူများကို ကော်မရှင်က သဘောတူညီခဲ့
သည်။
“ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူတွေအားလုံးက အများပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ တာဝန်ရှိပါတယ် ” ဟု DPN မှ ခွန်ဦးရယ်က ပြောခဲ့သည်။ “ ပြည်တွင်းငြိမ်းချမ်းရေးရ
ရှိအောင် နည်းလမ်းတွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့သဘောထားကြီးကြီးထားပြီး ခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်လေးစားမှုရှိဖို့လိုအပ်ပါတယ်။ ”
“ ကျွန်တော်တို့ ကိစ္စအားလုံးအကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ ကောင်းတဲ့ ရလဒ်တွေ ကျွန်တော်တို့ ရရှိနိုင်ပါတယ်။”
UNFC မှ တင်ပြလာသည့် အဆိုပြုချက်နှင့် အထွေထွေအကြောင်းအရာများကို ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့မှ ဆွေးနွေးခဲ့ကြသည်။
“ ကျွန်တော်တို့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို အနည်းဆုံး ခြောက်ကြိမ်လောက်ဆွေးနွေးခဲ့ပါတယ်၊ မနေ့က DPN ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ပအဖွဲ့အစည်းက လေ့လာသူတွေက လာရောက်ကြည့်ရှု့လေ့လာ
တာကို တွေ့ရတာ ကျွန်တော့်အနေနဲ့ ကျေနပ်မိပါတယ် " ဟု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌဖြစ်သူ ဒေါက်တာဝင်မျိုးဝင်းက ပြောခဲ့သည်။