လွှတ်တော်ကိုယ်စားလှယ်နေရာမရသည့် ပါတီများ ငြိမ်းချမ်းရေးညီလာခံတက်ရောက်ခွင့်ပြုမည်မဟုတ်

...

လွှတ်တော်ကိုယ်စားလှယ်နေရာမရသည့် ပါတီများ ငြိမ်းချမ်းရေးညီလာခံတက်ရောက်ခွင့်ပြုမည်မဟုတ်

Eleven Myanmar, 20 Mar 2017

URL: http://www.elevenmyanmar.com/politics/8384
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးပူးတွဲကော်မတီ(UPDJC)သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်မရရှိခဲ့သည့် နိုင်ငံရေးပါတီများစာရင်းကို ပြုစုမည်ဖြစ်ပြီး ယင်းစာရင်းအား
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းမည်ဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်၌ ၂၀၁၅ ခုနှစ် ဇန်နဝါလတွင် ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံသို့ ရွေးကောက်ပွဲရှုံးနိမ့်သူများကို တက်ရောက်ခွင့်ပေးခဲ့သည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ စက်တင်ဘာလတွင်
ကျင်းပခဲ့သော ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် ၎င်းတို့အား ချန်ထားခဲ့သည်။

“ နိုင်ငံရေးပါတီ(၉၀)လုံးကို ဖိတ်တာ မဖိတ်တာကတော့ အစိုးရရဲ့သဘောအတိုင်းပါပဲ။ အရင်သမ္မတဦးသိန်းစိန်တုန်းကတော့ လွှတ်တော်အမတ်နေရာအနိုင်မရတဲ့ပါတီတွေကိုတောင် တက်ရောက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခုအစိုးရ
က အနိုင်ရပါတီတွေကိုပဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဒီအနိုင်မရတဲ့ ပါတီတွေကို တက်ရောက်ခွင့်ပေးဖို့ အစိုးရကို ကျွန်တော်တို့ ဆက်လက် တိုက်တွန်းသွားမှာပါ၊ ဒါပေမယ့် အာဏာပိုင်တွေက ပြောင်းမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးညီလာခံအတွက် ပါတီအားလုံးရဲ့ ထင်မြင်
ယူဆချက်သဘောထားတွေကို ကျွန်တော်တို့ မေးမြန်းစုဆောင်းနေပါတယ်” ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌဖြစ်သူ UPDJC အဖွဲ့ဝင် Manam Tuja ကပြောခဲ့သည်။

တရားဝင်ပါတီများမှ ကိုယ်စားလှယ်စုစုပေါင်း(၁၅၀)ဦး ညီလာခံသို့တက်ရောက်နိုင်ကြောင်းကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှု မူဘောင်တွင် ဖော်ပြထားသည်။

UPDJC အဖွဲ့ဝင်များသည် အမျိုးသားအဆင့်ဆွေးနွေးပွဲမှ ရရှိလာသည့်ရလဒ်များကို ဖေဖော်ဝါရီလတွင် ဆွေးနွေးခဲ့ကြသည် မူဝါဒများ၊ စီးပွားရေး၊ လူမှုရေးရာများ၊ မြေယာ၊ သံယံဇာတအရင်းအမြစ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို
အမျိုးသားအဆင့်ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ပြီး ယင်းတို့အား ငြိမ်းချမ်းရေးညီလာခံတွင် စဉ်းစားသုံးသပ်သွားမည်ဖြစ်သည်။

လုံခြုံရေးဆိုင်ရာအစည်းအဝေးအစီအစဉ်တွင် ခေါင်းစဉ်ကြီးနှစ်ခုပါဝင်သည်- ယင်းတို့မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင်အဖွဲ့များအားလုံး တပေါင်းတည်းစုစည်းရေး စသည်တို့ဖြစ်သည်။ UPDJC သည် နိုင်ငံရေး၊ လူမှုရေးရာ၊
စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် အကြောင်းအရာ(၅)ခုအတွက် အလုပ် လုပ်ဆောင်မှုကော်မတီ(၅)ဖွဲ့ကို ဖွဲ့စည်းခဲ့သည်၊ တစ်ဖွဲ့စီတွင် အဖွဲ့ဝင် (၁၅)ဦးစီ ပါဝင်သည်။