မြန်မာနိုင်ငံ၏ ပထမဆုံးသော မီးအလှပွဲတော်ကို ဧပြီလ(၃၀)ရက်နေ့ထိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည်

MITV News, 20 Mar 2017
URL: http://www.myanmarinternational.tv/news/lighting-festival-till-april-30-people%E2%80%99s-park
အစိုးရ၏ ခွင့်ပြုချက်ဖြင့် DN Development Group မှ ဦးစီးကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မီးအလှပွဲတော်ကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ယနေ့တနင်္ဂနွေနေ့တွင် စတင်ထွန်းညှိ ကျင်းပလျက်ရှိသည်။
မြန်မာနှစ်သစ်ကူးကို ကြိုဆိုရန်ရည်ရွယ်သောအားဖြင့် မီးအလုံးပေါင်းများစွာဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးမီးအလှပွဲတော်ကို ပြည်သူ့ရင်ပြင်တွင် စတင်ကျင်းပနေပြီဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် UMFCCI မှ ဥက္ကဌ ဦးဇော်မြင့်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။
" အခုလို မြန်မာနိုင်ငံမှာ ပထမဆုံး မီးအလှပွဲတော် လုပ်ဖြစ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းဖြေပြီးတဲ့ အချိန်မှာ စာမေးပွဲဖြေထားတဲ့ကလေးတွေရယ်၊ အများပြည်သူလူထုရယ် လာရောက်အပန်းဖြေ အနား
ယူနိုင်ဖို့နဲ့ အလှဓာတ်ပုံတွေရိုက်ပြီး အမှတ်တရဖြစ်စေဖို့၊ ညနေခင်းစိတ်အေးချမ်းပျော်ရွှင်မှုကို ပေးစေချင်တဲ့အနေနဲ့ လုပ်ဖြစ်ခဲ့တာပါ။ စင်ကာပူပွဲတော်တစ်ခုကို ကျွန်တော်တို့သွားတော့ မြန်မာနိုင်ငံမှာလည်း ဒီလို မီးထွန်း
ပွဲတော်ကျင်းပရင်ကောင်းမှာပဲလို့ စိတ်ကူးမိခဲ့တယ်။ ဒါကြောင့်တိုင်းဒေသဝန်ကြီးချုပ်ဆီသွားရောက်ရှင်းပြတော့ လုပ်မယ်ဆိုင်ရင်တော့ တက္ကသိုလ်ဝင်စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်ရက်ဆိုရင် လုပ်ပါလို့ ခွင့်ပြုခဲ့တာနဲ့
အခုလို လုပ်ဖြစ်ခဲ့တာပါ" ဟု မီးအလှပွဲတော်ကို ဦးဆောင်စီစဉ်ကျင်းပသည့် DN Development Group မှ ပရောဂျက်မန်နေဂျာ ကိုဟိန်းထက်က ပြောသည်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ မီးအလှပွဲတော်ကို LED မီးလုံးပေါင်း သန်း ၇၀ ဖြင့် အရုပ်ပေါင်း ၇၀ နှင့်အတူအလှဆင်ထားခြင်းဖြစ်သည်။
LED မီးလုံးများဖြင့် ပြင်သစ်နိုင်ငံရှိ အီဖယ်မျှော်စင်ပုံစံ၊ ဂျပန်ရှိ ဖူဂျီတောင်၊ ကာတွန်းဇာတ်ကောင်များနှင့် တိရိစ္ဆာန်များဖြင့် သရုပ်ဖော်အလှဆင်ထားသည်၊ မီးလုံးဥမင်လှိုဏ်ခေါင်းတစ်ခုကိုလည်းထည့်သွင်းထားသည်။
လာရောက်လည်ပတ်သူ ထွန်းထွန်းက " ကျွန်တော်တို့အတွက် တကယ့်ကို အံ့သြဖွယ်ရာညတစ်ညပါပဲ။ လူငယ်လူရွယ်တွေအနေနဲ့ ပထမဦးဆုံးအကြိမ် မီးအလှပွဲတော်ကို ဖန်တီးနိုင်ခဲ့တဲ့အတွက် သူတို့အတွက် ကျွန်တော်
ဂုဏ်ယူမိပါတယ်။ ဒီနေ့ ကျွန်တော့်မိသားစုနဲ့အတူလာတာပါ၊ ကျွန်တော်တို့ ဓာတ်ပုံတွေလည်းရိုက်ကြတယ်။ နောက်ထပ် ထပ်ခါထပ်ခါလာရောက်အုံးမှာပါ၊ ဒါတကယ့်ကို စိတ်ဝင်စားစရာကောင်းတယ် " ဟု ပြောခဲ့သည်။
လာရောက်လည်ပတ်သူ ဒေါ်စောသက်က “ ဒီကိုရောက်တာနဲ့ အခုကျွန်မအရမ်းကို စိတ်လှုပ်ရှားနေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေအတွက် တကယ်ကို ဂုဏ်ယူမိလို့ပါ။ ဒါက မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်
လည်းဖြစ်တယ်လေ။ ကျွန်မဘဝမှာ ဒီလိုမျိုး တခါမှ မမြင်ဖူးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာနေရတာအရမ်းကို ဂုဏ်ယူမိပါတယ် ” ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ မီးအလှပွဲတော်ကို ဧပြီလ(၃၀)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။