ကရင်ပြည်နယ် ဘားအံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူများပြား

...

ကရင်ပြည်နယ် ဘားအံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူများပြား

Karen News, 25 Mar 2017

URL: http://karennews.org/2017/03/kayin-passport-offices-hit-with-application-frenzy.html/
ကရင်ပြည်နယ် ဘားအံမြို့တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ရာပေါင်းများစွာသောလူများသည် နေ့စဉ် စုပြုံတိုးဝှေ့လျှက်ရှိကြောင်း ရဲအုပ်တစ်ဦးမှ ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူအများစုမှာ ထိုင်းနိုင်ငံ သို့မဟုတ် ကိုရီးယားနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာသွားကြသောကြောင့် ယခုနှစ်အစပိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတိုးလာကြောင်း ၎င်းက ပြောခဲ့သည်။

“၂၀၁၅ ကစပြီး ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း နိုင်ငံကူးလက်မှတ်ပြန်လျှောက်ဖို့ ရောက်လာကြပါတယ်။ လာရောက်လျှောက်ထားတဲ့သူ အမျိုးအစား ၃ မျိုးရှိပါတယ်၊
(ထိုင်းကိုသွားဖို့၊ ကိုရီးယားကိုသွားဖို့နဲ့ ယာယီပတ်စပို့စာအုပ်လာလဲတာတွေပါပဲ) ၊ နေ့တိုင်းလာကြပါတယ် ” ဟု ဘားအံရှိ ပြည်နယ်အဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရဲအုပ် သန့်ဇင်လင်းက ပြောသည်။

ဘားအံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နှစ်စမှ ယနေ့ထိတိုင် နေ့စဉ် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ဦးရေ(၁၀၀)မှ (၂၀၀)အထိရှိကြောင်း ၎င်းကပြောသည်။

ဘန်ကောက်ရှိ စက်ရုံတရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ စောအဲ့ဆေးက နိုင်ငံကူးလက်မှတ်အသစ်ရရှိရန်အတွက် ကရင်ပြည်နယ်သို့ မကြာသေးခင်က ပြန်ခဲ့ကြောင်း ပြောသည်။

“ ထိုင်းနိုင်ငံဥပဒေအရ ကျွန်တော်တို့တရားဝင်အလုပ် လုပ်တယ်ဆိုရင် အလုပ်သမားအခွင့်အရေးနဲ့ ခံစားခွင့်အပြည့်အဝရရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော် တရားမဝင်လုပ်တုန်းက အခြေအနေမကောင်းဘူး။ ကျွန်တော်
ပန်းရောင်ကတ်ပြား ( ယာယီနေထိုင်ခွင့်ကတ်ပြား) နဲ့ အခြားစာရွက်စာတမ်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲကြေးလည်းပေးရသလို အခန်းငှားပြီး ခိုးနေရပါတယ် ” ဟု သူကပြောသည်။ “

“ ထိုင်းအလုပ်ရှင်က အားလုံးဆောင်ရွက်ပေးတာကြောင့် နိုင်ငံကူးလက်မှတ်ကိုင်ထားနိုင်ပြီမို့ ကျွန်တော်စိတ်မပူတော့ပါဘူး။”

ကရင်ပြည်နယ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနမှ စာရင်းအရ ၂၀၁၆ ခုနှစ်တွင် နိုင်ငံကူးလက်မှတ်(၂၁၀၀၀)ကျော်ကို ထုတ်ပေးခဲ့သည်။ ယခု ၂၀၁၇ ခုနှစ် သုံးလနီးပါးအတွင်းတွင် ဌာနသည် နိုင်ငံကူးလက်မှတ်
(၁၆၀၀၀)ကျော် စိစစ်ထုတ်ပေးပြီးဖြစ်သည်။