သယ်ယူပို့ဆောင်ရေးပိုမိုကောင်းမွန်စေရန်အတွက် တရုတ်နိုင်ငံမှ ဘတ်စ်ကားအစီး ၁ ထောင်

...

သယ်ယူပို့ဆောင်ရေးပိုမိုကောင်းမွန်စေရန်အတွက် တရုတ်နိုင်ငံမှ ဘတ်စ်ကားအစီး ၁ ထောင်

China Daily, 15 Apr 2017

URL: http://www.chinadaily.com.cn/world/2017-04/15/content_28943349.htm
ရန်ကုန် - ရန်ကုန်ဘတ်စ်ကားစနစ်ကို ပံ့ပိုးပေးရန်အတွက် ဘတ်စ်ကားအစီး ၁ ထောင်ကျော် ဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် Chinese Yutong Company နှင့်အတူ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း
ပြည်တွင်းသတင်းစာများမှ စနေနေ့တွင် ဖော်ပြထားသည်။

ဘတ်စ်ကားများမှာ နောက်လတွင် ရောက်မည်ဖြစ်ပြီး ရန်ကုန်ဘတ်စ်ကားလိုင်းတွင် ပြေးဆွဲမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးကပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းက ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုစနစ်ကို နောင်နှစ်အစောပိုင်းတွင် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့
သည်။

ရန်ကုန်တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်း ၃၀၀ ကို ရုပ်သိမ်းခဲ့ပြီး မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့များ လျှော့ချနိုင်ရန် နှင့် ဘတ်စ်ကားလိုင်းများ စနစ်တကျပြေးဆွဲနိုင်ရန် အားထုတ်မှုအနေဖြင့် ယင်းနေရာတွင်
ဘတ်စ်ကားသစ် ၇၉ စီးဖြင့် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် စတင်ပြေးဆွဲခဲ့သည်။

လတ်တလောရန်ကုန် လူဦးရေ ၆ သန်းအနက် ၂ သန်းခွဲကို နေ့စဉ် သယ်ယူပို့ဆောင်နေသော ဘတ်စ်ကားလိုင်း ၇၉ လိုင်းတွင် ပြေးဆွဲနေသော ဘတ်စ်ကား ၃၅၀၀ ရှိသည်ဟု သိရသည်။