အစိုးရနှင့် UNFC ကိုယ်စားလှယ်များအတွင်း ၅ ကြိမ်မြောက်အစည်းအဝေး ကျင်းပ

...

အစိုးရနှင့် UNFC ကိုယ်စားလှယ်များအတွင်း ၅ ကြိမ်မြောက်အစည်းအဝေး ကျင်းပ

The Irrawaddy, 29 Apr 2017

URL: https://www.irrawaddy.com/news/burma/fifth-meeting-held-between-govt-and-unfc-peace-delegations.html
အစိုးရ၏ ငြိမ်းချမ်ရေးကော်မရှင်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNFC) ၏ နိုငငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့(DPN)တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)
ရေးထိုးနိုင်ရေးအတွက် ၅ ကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်းပြီးဖြစ်သော်လည်း တစုံတရာ အဖြေမထွက်သေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်ဟု သတင်းရရှိသည်။

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာဝင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့သို့သွားရောက်ကာ နံနက် ၉ နာရီမှ ည ၇ နာရီအထိ DPN အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

DPN က NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရထံတောင်းဆိုထားသည့်အချက် ၉ ချက်ကို ငြိမ်းချမ်းရေးကော်မရှင်နှင့် ညှိနှိုင်းနေခြင်းဖြစ်သည်။

ယင်းအချက်(၉)ချက်တွင် အပစ်ရပ်လက်မှတ်မရေးထိုးမီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်(TOR) နှင့် တပ်နေရာ ပြန်လည်ချထားရေးကိစ္စ
ရပ်များ ကြိုတင်သဘောတူရေးဟူသည့် အချက်များ ပါဝင်သည်။

အဆိုပါ ၉ ချက်ကို မူအားဖြင့် သဘောတူထားပြီး အချက်အလက်များကို အပြီးသတ်သဘောတူနိုင်ရန် ဆက်လက်ညှိနှိုင်းနေကြခြင်းဖြစ်သည်။

ထိုအချက် ၉ ချက်ကို ညှိနှိုင်းပြီးပါက NCA လက်မှတ်ရေးထိုးမည်ဖြစ်ပြီး မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းက အချက် ၉ ချက်ပါ အသေးစိတ်အချက်အလက်များကို ညှိနှိုင်းနေဆဲဖြစ်ပြီး ယခုအကြိမ် ဆွေးနွေးမှုမှာ အခြေအနေတိုးတက်ကြောင်း ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်းက " အဓိကကတော့ NCA ထိုးပြီးတော့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးရဖို့အတွက်ကို အားလုံးကနေ သဘောထားဆန္ဒတခုတည်းရှိတဲ့အတွက် အားလုံးတဖက်နဲ့တဖက် ရင်းရင်းနှီးနှီး ယုံကြည်မှုတည်
ဆောက်နိုင်တဲ့အပြင် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် တိုးတက်မှု အများကြီးရှိတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ် " ဟုပြောသည်။

ခူဦးရယ်က တောင်းဆိုထားသည့် အချက်အလက်များကို လာရောက်ညှိနှိုင်းနေသော်လည်း တကယ်တမ်း ဆုံးဖြတ်ချက်ချမည့်သူများမှာ ၎င်းတို့မဟုတ်ဘဲ DPN အဖွဲ့ဝင်ကိုယ်စားလှယ် အသီးသီး၏ သက်ဆိုင်ရာ မိခင်တပ်အဖွဲ့တို့မှ ခေါင်း
ဆောင်ကြီးများဖြစ်ပြီး ၊ ယင်းသို့ ခေါင်းဆောင်ကြီးများ ဆုံးဖြတ်ချက်ချနိုင်ရန်လည်း DPN ကလာရောက် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားရန်ရှိသော်လည်း ရက်အတိအကျ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

DPN တွင် NCA လက်မှတ်မထိုးရသေးသည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ
(KNPP) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ဝ အမျိုးသားအဖွဲ့ချုပ်(WNO) တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။