ကရင်ပြည်နယ်တွင် မုတ်သုံရာသီ သီးနှံ(၅)မျိုး စိုက်ပျိုးမည်

...

ကရင်ပြည်နယ်တွင် မုတ်သုံရာသီ သီးနှံ(၅)မျိုး စိုက်ပျိုးမည်

Myanmar Times, 11 May 2017

URL: http://www.mmtimes.com/index.php/national-news/mandalay-upper-myanmar/25934-5-kinds-of-monsoon-crops-to-be-planted-in-kayin-state.html
ကရင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန်အတွက် ပြည်နယ်တွင် ခန့်မှန်းခြေအားဖြင့် မုတ်သုံရာသီကောက်ပဲသီးနှံ(၅)မျိုး စိုက်ပျိုးမည်ဟု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက်
စိုက်ပျိုးရေးစီမံကိန်းခန့်မှန်းချက်များအရ သိရသည်။

ပြည်နယ်စိုက်ပျိုးရေးရုံးမှ မုတ်သုံရာသီ သီးနှံ(၅)မျိုးကို ဘားအံ ၊ လှိုင်းဘွဲ့ ၊ သံတောင်ကြီး ၊ ဖာပွန် ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး နှင့် မြဝတီ စသည့် မြို့နယ်များတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း
ကြေငြာခဲ့သည်။

လယ်သမားများမှ အရည်အသွေးကောင်းမွန်သည့် ကောက်ပဲသီးနှံများထုတ်လုပ်နိုင်စေရန်နှင့် ဓာတ်မြေသြဇာကိုမည်ကဲ့သို့ စနစ်တကျအသုံးချနိုင်စေရန်အတွက် ပညာပေးသင်တန်းများပေး
သွားမည်ဖြစ်သည်ဟု ကရင်ပြည်နယ်စိုက်ပျိုးရေးဖွံ့ဖြိုးရေးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးဝင်းလှိုင်ဦးကပြောသည်။

“အရည်အသွေးပြည့်မီတဲ့ ကောက်ပဲသီးနှံကောင်းတွေ ထုတ်လုပ်ဖို့အတွက် လယ်သမားတွေအနေနဲ့ ဓာတ်မြေသြဇာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုတတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်
နယ်အဆင့်မှာသာမက ခရိုင်နဲ့မြို့နယ်အဆင့်တွေမှာပါ သူတို့ကို နည်းပညာနဲ့ပတ်သတ်ပြီး ပညာပေးသွားမှာပါ။ မိုးရာသီမှာ မုတ်သုံစပါး ၊ ပြောင်းဖူး၊ ပြောင်း၊ မုတ်သုံရာသီမြေပဲနဲ့ နှမ်းတို့ကို အဓိ
ကစိုက်ပျိုးမှာပါ ”ဟု ၎င်းက Myanmar Times သို့ပြောသည်။

လာမည့် မိုးရာသီတွင် ခရိုင်(၇)ခု၌ မိုးစပါးစိုက်ပျိုးမည့် ခန့်မှန်းခြေပမာဏမှာ (၄၃၄, ၉၀၀)ဧကရှိပြီး ထုတ်လုပ်မှုနှုန်းမှာ (၃၀, ၅၅၅, ၈၁၉)တင်းရှိပြီး၊ ပြောင်း(၅၁,၁၀၀)ဧကတွင် (၄,၅၄၂,၇၉၀)
တင်း၊ ပြောင်းဖူး(၂၇၀၀)ဧကတွင် ထုတ်လုပ်မှုနှုန်း(၂၄,၅၇၀,၀၀၀)တင်း ၊ မုတ်သုံမြေပဲ(၅၅၀၀)ဧကတွင် ထုတ်လုပ်မှုနှုန်း(၂၃၃,၇၅၀)တင်းနှင့် နှမ်း(၃၅၀၀)ဧကတွင် ထုတ်လုပ်မှုနှုန်း(၃၇,၈၀၀)
တင်းရှိကြောင်း သိရသည်။