ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် ဦးစားပေးလုပ်ဆောင်မည့် အခန်းကဏ္ဍ(၁၀)ခုအား မြန်မာမှ ကြေငြာ

...

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် ဦးစားပေးလုပ်ဆောင်မည့် အခန်းကဏ္ဍ(၁၀)ခုအား မြန်မာမှ ကြေငြာ

Xinhua Net, 28 Jun 2017

URL: http://news.xinhuanet.com/english/2017-06/28/c_136400678.htm
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဦးစားပေးဆောင်ရွက်မည့် ကဏ္ဍ(၁၀)ခုအား
ထုတ်ပြန်ကြေငြာခဲ့ကြောင်းကို Myanmar News Agency မှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဦးစားပေးကဏ္ဍ(၁၀)ခုမှာ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ငါးဖမ်းလုပ်ငန်း ၊ ပို့ကုန်မြှင့်တင်ခြင်း ၊ သွင်းကုန်အစားထိုးခြင်း ၊ လျှပ်စစ်
၊ စီမံခန့်ခွဲခြင်း ၊ ပညာရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်းနှင့် စက်မှုဇုန်များတည်ထောင်ခြင်းစသည်တို့ဖြစ်ကြောင်း MIC ၏
ကြေငြာချက်ထဲတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တရပ်ကို ယမန်နှစ် အောက်တိုဘာလ၌ လွှတ်တော်မှ ပြဌာန်းခဲ့ပြီး အစိုးရမှ ယခုနှစ် မတ်လတွင် ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်
သည့်စည်းမျဉ်းစည်းကမ်းများကို အတည်ပြုပေးခဲ့ပြီး နိုင်ငံတွင်း စီးပွားရေးလုပ်ဆောင်မှုများတွင် ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်။

စည်းမျဉ်းစည်းကမ်းများတွင် အခန်း(၂၃၈)ခန်းပါဝင်ပြီး မြေယာအသုံးချမှု ၊ အခွန်လျော့ပေါ့ပေးခြင်း ၊ စီရင်ဆုံးဖြတ်ခြင်းနှင့် ငွေကြေးအရောင်းအဝယ် စသည်တို့ပါ
ဝင်သည်။

တရားဝင်စာရင်းဇယားများအရ မြန်မာနိုင်ငံ၌ ၁၉၉၈ နှောင်းပိုင်းမှ ယခုနှစ်မတ်လနောက်ပိုင်းအထိ စီမံကိန်း(၁၂၄၆)ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေစုစုပေါင်း ယူ
အက်စ်ဒေါ်လာ (၇၀.၃၅)ဘီလီယမ် ရှိပြီး မြန်မာနိုင်ငံသားပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံငွေသည် အထက်တွင်ဖော်ပြထားသော နှစ်အတိုင်းပင် မြန်မာကျပ်
(၁၃.၁၉၁)ထရီလီယမ် (ယူအက်စ်ဒေါ်လာ ၉.၆၉ဘီလီယမ်)ရှိသည်။

နိုင်ငံသည် ဧပြီလမှစတင်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နှစ်စဉ်နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ ယူအက်စ်ဒေါ်လာ ၆ ဘီလီယမ်ကျော်ရရှိရန် မျှော်မှန်းထားသည်။