ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရန် DPN နှင့် PPWT ဆွေးနွေး

Burma News International, 14 Jul 2017
URL: https://www.bnionline.net/news/network-media-group/item/3248-ethnic-armed-groups-discuss-cooperating-at-chiang-mai-meet.html
NCA အပစ်ရပ်(၈)ဖွဲ့၏ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးအဖွဲ့ (PPWT) ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN မှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များ အတူတကွ ပူးပေါင်းဆောင်ရွက်
နိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးမှာ DPN အဖွဲ့အနေနဲ့ အချက် ၇ ချက်အပေါ်တွင် အဓိကထားပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ဆွေးနွေးသွားမှာဖြစ်ကြောင်း အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်
သတ်၍ အဖွင့်မိန့်ခွန်းတွင် DPN အဖွဲ့ခေါင်းဆောင်ခူးဦးရယ်မှ ပြောသည်။
နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် မိုင်ဂျာယန် ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရန်ဖြစ်သည့် ပင်လုံလက်စွဲကိစ္စ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာစာတမ်းများအပါအဝင် မူ
ဘောင်ပြန်လည်သုံးသပ်မှုနှင့်ပတ်သတ်၍ နှစ်ဘက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ ၊ JMC ပူးတွဲစောင့်ကြည့်ရေးကိစ္စ TOR များနှင့် UNFC ၏ အချက် ၈ ချက် ကိစ္စများကို ဆွေးနွေးသွား
ကြမည်ဟု သိရသည်။
ယခုအစည်းအဝေးမှ ရရှိလာသည့်အချက်များအပေါ်မူတည်၍ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်အတွက် မဟာဗျူဟာတရပ်ချမှတ်သွားရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့
အစည်းအားလုံး အပါအဝင် နိုင်ငံရေးပါတီများနှင့် EAOs အစည်းအဝေးတရပ်ခေါ်ယူ ကျင်းပနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးဆုံးဖြတ်သွားကြမည်ဟု သိရသည်။