ကရင်နီ ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်း

ကရင်နီ ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်း
The Irrawaddy, 13 Jul 2017
URL: https://www.irrawaddy.com/specials/saving-cultures-karenni.html
အသက် ၅၃ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မိုမိသည် “လည်ပင်းရှည် လူသား” ဟု လူသိများသည့် လည်ပင်းကြေးကွင်းပတ်သော ကယန်း ပဒေါင်လူမျိုး အမျိုးသမီး အယောက် ၇၀ ထဲက တစ်ဦးဖြစ်သည်။
ဒီမောဆိုမြို့နယ်အတွင်းမှာရှိသည့် သူမနေထိုင်ရာ ပန်ပက်ရွာနှင့် အ နီးဝန်းကျင်ရှိ ရွာတွေ၏ လူနေမှုပုံစံကတော့ မိရိုးဖလာ လူနေမှု ပုံစံအတိုင်း နေထိုင်ကြတာဖြစ်ပြီး ဂျပ်ခုတ်၊ ဗိုင်းငင်ခြင်းနှင့် လက်မှု ပစ္စည်းရက်လုပ်ခြင်း၊
ကျွဲ၊ နွား၊ ဝက် မွေးမြူရေး၊ တောင်ယာစိုက် ပျိုးခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။
လွန်ခဲ့သော ၂ နှစ်က ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ စတင် ချိန်လောက်တွင် ယင်းကျေးရွာတွေကို ပြင်ပ ဧည့်သည်များ ပိုမို သိရှိလာကြပါသည်။ တမူထူးခြားသောယဉ်ကျေးမှုတွေ၊ သဘာဝအ တိုင်းရှိနေတဲ့ ရှုခင်းတွေ
နဲ့ကယားပြည်နယ်က နိုင်ငံခြား ခရီးသွား တွေကိုသာမက ပြည်တွင်းခရီးသွားတွေကိုပါ သွားရောက် လည်ပတ် ဖို့ ဖိတ်ခေါ် နေသလိုပင်။
ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ကမှ ပြင်ပခရီးသွားတွေကို တ ရားဝင် လွတ်လပ်စွာ ဝင်ရောက် ခွင့်ပြုခဲ့ချိန်က စလို့ နိုင်ငံခြားခရီးသွား ထောင်ချီရှိလာပြီး ပြည်တွင်း ခရီးသွားလည်ပတ်သူလည်း ပိုများ လာသည်ဟု သိရ
သည်။
လွတ်လပ်စွာ ခရီးသွားခွင့်သည် ကယားပြည်နယ်၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့အကြား နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်
ဆိုနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ပျောက်ဆုံးနေတဲ့ ရိုးရာအစဉ်အလာ
ရွာက သူမ သူငယ်ချင်းတချို့ ထိုင်းကိုထွက်သွားကြပေမယ့် မိုမိကတော့ ရွာမှာပဲ နေထိုင်နေသူဖြစ်သည်။ ရွာတွေမှာတော့ အသက်ကြီးပိုင်း တွေကသာ မိရိုးဖလာ နေထိုင်မှုပုံစံကို ဆက်လက်ကျင့်သုံးနေတာ ဖြစ်သည်။
ကယား သို့မဟုတ် ကရင်နီပြည်နယ်မှာရှိတဲ့ ကယန်းလူမျိုးတို့၏ လည်ပင်းတွင် ကြေးကွင်းပတ်သော ယဉ်ကျေးမှုက တစထက် တစ ပျောက် ကွယ်လာပြီ ဖြစ်တဲ့ ရိုးရာ ယဉ်ကျေးမှု တခုလည်း ဖြစ်သည်။
ယနေ့ကာလမှာတော့ ကယားပြည်နယ်က တိုင်းရင်းသားတို့၏ ရှားပါးလာနေတဲ့ မိရိုးဖလာ လူနေမှုဘဝ၊ ရှေးဟောင်းရိုးရာ ထိန်းသိမ်းမှု ပုံစံတွေကို လေ့လာချင်ရင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း တာဝန်ခံတွေကတဆင့်
ဆက်သွယ်နိုင်ပါသည်။
ကယားပြည်နယ်တွင်၂၀၁၅ နှစ်ကုန်၊ ၂၀၁၆ အစောပိုင်းက စတင်ခဲ့ပြီး နယ်သာလန် Trust Fund (NTF) က ထောက်ပံ့တဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်းက ဒေသခံလူထု အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေ ရှာဖွေ
ရေးအတွက် အထောက်အကူပြုသည်ဟု လွိုင်ကော် ဒေသခံတွေက ပြောသည်။
NTF သည် ဒေသခံတွေကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအတွက် အစားအသောက် ပြင်ဆင်မှုပိုင်းဆိုင်ရာနှင့် သန့်ရှင်းမှုပိုင်းဆိုင် ရာတွေကို သင်ကြားပေးသည့် သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သို့သော်လည်း ထိုစီမံကိန်းသည် ယခုနှစ်ဇွန်လတွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကယားပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဌေးအောင်က ပြောခဲ့သည်။
ရပ်ရွာအခြေစိုက် ဒေသခံလမ်းညွှန်တွေက ရှေးဟောင်းယဉ်ကျေးမှုပုံစံအတိုင်း နေထိုင်သူတွေကို လိုက်လံပြသပြီး ဒေသန္တရ ဘာသာစ ကားကို ဘာသာပြန်ပေးသူတွေလည်း ဖြစ်ကြသည်။ ဒေသခံလမ်းညွန်တို့ ဝင်ငွေ၏ ၁၀
ရာခိုင်နှုန်းကို ရပ်ရွာရန်ပုံငွေအဖြစ် ပြန်လည် အသုံးပြုပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုကြသည်။
မြန်မာပြည်မှာ ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာဓလေ့အတွက် ထိန်းသိမ်းရေးဆိုင်ရာ အသိနဲ့ ထောက်ပံ့မှုတွေ လိုအပ်နေဆဲ ဖြစ်ပါသည်။
ရိုးရာ ဝတ်စားဆင်ယင်မှုတွေနဲ့ပတ်သက်လို့ ထိန်းသိမ်းမှုအပိုင်းကို ကယားတပြည်နယ်လုံး အတိုင်းအတာအရ မလုပ်ဆောင်နိုင်သေး သော်လည်း ကျေးရွာများမှာ စတင် လုပ်ဆောင်နေသည်ဟု ကယားအမျိုးသားစာပေ ယဉ်
ကျေးမှုကော်မတီ အတွင်းရေးမှူး ခူးဖဲညို့ရယ်က ပြောသည်။
ငွေနားကပ်၊ ငွေဓါးနှင့် ငွေဆွဲကြိုး စတဲ့ ရှေးဟောင်းဝတ်စုံအပြည့် ဆင်ယင်မှုမှာ တွဲဖက် ဝတ်ဆင်ရတဲ့ အလှတန်ဆာများ ထုတ်လုပ်သူ ပညာရှင်များလည်း တစစ ရှားပါးလာတဲ့အတွက် ယဉ်ကျေးမှု ထိန်းသိမ်းရာမှာ အခက်အခဲ
ဖြစ်ပေမယ့် ကြိုးစား ထိန်းသိမ်းနေရသည်ဟု သိရှိရသည်။
ကယားပြည်နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၀၀၀၀ ခန့်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၈ ဖွဲ့လောက် လှုပ်ရှားနေသော ပြည်နယ်လည်း ဖြစ်သည်။