https://www.irrawaddy.com/specials/saving-cultures-karenni.html

...

https://www.irrawaddy.com/specials/saving-cultures-karenni.html

Burma News International, 29 Jul 2017

URL: http://www.bnionline.net/news/karen-state/item/3306-mon-state-government-to-sponsor-traditional-karen-wrist-tying-ceremonies.html
မွန်ပြည်နယ်အတွင်းပြုလုပ်မည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ကျပ်သိန်း ၁၆၀ ထောက်ပံ့ပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်တိုင်းရင်းသား
လူမျိုးရေးရာဝန်ကြီး စောရအာင်မြင့်ခိုင်က ပြောကြားခဲ့သည်။

"ထောက်ပံ့ငွေအနည်းအများထက် အသိအမှတ်ပြုမှုကို ပိုအလေးထားတဲ့အနေထားမျိုးဖြစ်စေချင်တယ်။ အခုက ဖွံ့ဖြိုးရေးတွေ ဖြစ်လာဖို့အတွက်ကိုလည်း အလေးထားလုပ်ဆောင်နေတယ်၊ ဓလေ့ထုံးတမ်းအ
စဉ်အလာ ယဉ်ကျေးမှုအပိုင်းကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းခြင်းဖြစ်ပါတယ် " ဟု ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါမွန်ပြည်နယ် အစိုးရကထောက်ပံ့ပေးမည့် ဘတ်ဂျက်ငွေ ကျပ် သိန်း ၁၆၀ ကို ပြည်နယ်အတွင်း ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စုပေါင်းပြုလုပ်မည့်နေရာ ၁၈ နေရာအတွက် လူဦးရေအနည်းအများအ
ပေါ် မူတည်ပြီး ခွဲဝေသွားရန်စီစဉနေသည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် သက်တမ်း ၂ နှစ်အတွက် ပြည်နယ်အတွင်း ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနား ၊ စုပေါင်းစာပေသင်တန်းဆင်းပွဲ အခမ်းအနားများသို့ အသုံးစရိတ် ဘတ်ဂျက်ချပေး
ထောက်ပံ့ခဲ့ဖူးသလို ယခုလို ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားအတွက် ပထမဆုံးအကြိမ် ဘတ်ဂျက် သိန်း ၁၆၀ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။