သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ဘားအံမြို့နယ်တွင် ချပြဆွေးနွေး

...

သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ဘားအံမြို့နယ်တွင် ချပြဆွေးနွေး

Karen News, 06 Sep 2017

URL: http://karennews.org/2017/09/census-data-explained-at-town-hall-meeting-in-hpa-an.html/
ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ် ကရင်ပြည်နယ် ဘားအံမြို့တွင် ကောက်ယူထားသည့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို ကရင်ပြည်နယ် ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ဘားအံမြို့နယ်အဆင့်အတွက်
သြဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ၂ ရက်တာ ချပြဆွေးနွေးခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်တွင် ကောက်ယူထားသည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်းစာရင်း အချက်များထဲမှ ပြည်သူများဖြေဆိုထားသည့် ဝန်ကြီးဌာန မေးခွန်း ၄၁
ချက်ကို ယခုမြို့နယ်အဆင့်အနေဖြင့် ပထမဆုံးအကြိမ်ချပြဆွေးနွေးခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ ချပြရှင်းလင်းပွဲတွင် ဘားအံမြို့နယ် ဌာနဆိုင်ရာ ကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေး
မှူးနှင့် လူထုတစ်ရာခန့်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၀၁၄ ခုနှစ် ကောက်ယူသည့်သန်းခေါင်စာရင်းအရ ဘားအံမြို့နယ်တွင် လူဦးရေ( ၄၂၁, ၅၇၅)ဦးရှိပြီး အဆိုပါ အထဲရှိ အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိ အလုပ်လုပ်နိုင်သည့်ဦးရေသည် ပြည်ထောင်စုနှင့် နှိုင်းယှဉ်လျှင် သိ
သာစွာ လျော့နည်းနေသည်ဟု ဘားအံမြို့နယ် အစီရင်ခံစာအရ သိရသည်။

ယခုပြုလုပ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များချပြရှင်းလင်းမှုကို နယ်မြေအခြေအနေအရ ဖာပွန်မြို့နယ်မှလွဲပြီး ကရင်ပြည်နယ်အတွင်း အခြားကျန်ရှိသည့် မြို့နယ်များတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်
ကြောင်းလည်း ပြည်နယ် လ၀က တာဝန်ရှိသူများထံမှ သိရသည်။