အစိုးရမှ ID ကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များ တိုးမြှင်ဆောင်ရွက်မည်

...

အစိုးရမှ ID ကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များ တိုးမြှင်ဆောင်ရွက်မည်

Myanmar Times, 08 Sep 2017

URL: https://www.mmtimes.com/news/government-boost-id-card-process.html
အစိုးရမှ ရန်ကုန်တိုင်းဒေသရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးနှင့်ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်သူ ဦးဇော်အေးမောင်ကပြောကြားခဲ့သည်။

သြဂုတ်လ(၂၄)ရက်နေ့တွင် ဝန်ကြီးဌာနသည် နိုင်သားကတ်အား ကျောင်းသား(၅၀၀၀)ကို ထုတ်ပေးခဲ့သည်ဟု ဝန်ကြီးဇော်အေးမောင်က ပြောကြားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လတိုင်းတွင် ဝန်ကြီးဌာနသည် ကျောင်းများသို့သွားရောက်ကာ စာသင်နှစ် မကုန်ဆုံးမီ နိုင်ငံသားကတ်ထုတ်ပေးခဲ့သည်။

“ နိုင်ငံသားတိုင်း နိုင်ငံသားကတ်လျှောက်တဲ့အခါမှာ သက်ဆိုင်ရာဌာနတွေကို လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြဖို့လိုပါတယ် ဒါမှသာ နိုင်သားကတ်ကို ရက်အနည်းငယ်အတွင်းမှာပဲ ထုတ်ယူရရှိနိုင်ပါတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ တကယ်လို့ လိုအပ်တဲ့စာရွက်စာတမ်းမပြနိုင်ဘူးဆိုရင် ကြာသွားပါလိမ့်မယ်။ လျှောက်ထားသူက စာရွက်စာတမ်းအားလုံး စုံစုံလင်လင် တင်ပြပေမယ့်လည်း ဌာနက ရှင်းရှင်းလင်းထုတ်ပေးဖို့ကြာနေတယ်ဆိုရင်တော့ ကျွန်တော်တို့ဆီလာရောက် အကြောင်းကြားပေးပါ။ ကျွန်တော်တို့ကူညီပါ့မယ်” ဟု ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံသားဆိုင်ရာဥပဒေအရ မြန်မာနိုင်ငံသားတိုင်း အသက်(၁၀)နှင့်အထက်သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် စာရင်းသွင်းရမည်ဖြစ်ပြီး နိုင်ငံသားကတ်ရယူရမည်ဖြစ်သည်။