ကရင်ပြည်နယ်တွင် ဒေသအကျိုးပြု အရံသားဖွား သင်တန်းပြီးစီး

Karen News, 10 Sep 2017
URL: http://karennews.org/2017/09/nineteen-auxiliary-midwives-in-karen-state-complete-training.html/
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့- BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်-PEDU နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၆ ကြိမ်မြောက် ဒေသအကျိုးပြုအရံသားဖွားသင်
တန်းဆင်းပွဲကိုယနေ့ စက်တင်ဘာလ ၆ ရက်တွင် ဖားအံမြို့နယ်တောင်ကလေး ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
သင်တန်းသူ(၁၉)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ သင်တန်းတက်ရောက်သူများမှာ BPHWT အဖွဲ့မှ ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်သည့် ဧရိယာအတွင်းရှိ သင်တန်းသားများဖြစ်ပြီး ၎င်းတို့ကို ကိုယ်ဝန်
ဆောင်မိခင်များကျန်းမာရေးဆိုင် ရာကြိုတင်ကာကွယ်မှုလုပ်ငန်း၊ မမွေးဖွားခင်နှင့် မွေးဖွားပြီး မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း စသည်တို့ကို အဓိကထားကာ ၂၀၁၆ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၇ သြဂုတ်
၃၁ရက်နေ့အထိ စာတွေ့ ၃ လနှင့်လက်တွေ့ ၄ လ စုစုပေါင်း ၇ လကြာ သင်ကြားပေးခြင်းဖြစ်သည်။
ထိုသို့သင်ကြားပေးရာတွင် BPHWT မှ ဆရာမများ၊ အစိုးရကျန်းမာရေးအငြိမ်းစား ဆရာမများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက စာတွေ့သင်ကြားပေးပြီး လက်တွေ့သင်ခန်းစာများကို ထိုင်းနိုင်ငံ မဲဆောက်
မြို့ရှိ မယ်တော်ဆေးခန်းတွင် သင်ကြားပေးခြင်းဖြစ်သည်ဟု သိရသည်။