တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်မှ မာစတာစီမံကိန်းရေးဆွဲရာတွင် ကူညီ

Eleven Myanmar, 12 Sep 2017
URL: http://www.elevenmyanmar.com/business/11552
တနင်္သာရီဒေသကြီးအစိုးရသည် ဂျပန်၏အကူအညီဖြင့် ဖွံ့ဖြိုးမှုမာစတာစီမံကိန်းတစ်ခုရေးဆွဲခဲ့ကြောင်း တနင်္သာရီဒေသကြီးဝန်ကြီးဖြစ်သူ ဒေါက်တာလဲ့လဲ့မော်က စက်တင်ဘာလ(၈)ရက်နေ့တွင် ပြောကြားခဲ့သည်။
မာစတာစီမံကိန်းတွင် အဏ္ဏဝါ၊ ပညာရေးနှင့် သတ္တုတွင်း ကဏ္ဍများကို ဦးစားပေးမည်ဖြစ်သည်။
“ဂျပန်တွေကို မာစတာစီမံကိန်း နှစ်ကြိမ်ရေးဆွဲပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ တနင်္သာရီဒေသကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အခုအခါမှာ သူတို့ မာစတာစီမံကိန်းကို အကြမ်းရေးဆွဲနေပါပြီ။ ဒီမာစတာစီမံကိန်းမှာ
အဓိကပစ်မှတ်ထားတာကတော့ မြိတ်ဒေသကိုပါ။ ဒီဒေသမှာက တန်ဖိုးမဖြတ်နိုင်တဲ့ ငါးအရင်းမြစ်တွေနဲ့ သတ္တုတွေရှိပါတယ်။ မြိတ်ဒေသမှာ မတည်မငြိမ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ကျွန်မ မကြားချင်ဘူး။ ဒါလွယ်
ကူတဲ့အလုပ်မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒတွေကြောင့် စီမံကိန်းဖျက်လိုက်ရမှာကို မလိုလားပါဘူး။ ဒါကြောင့် ကျွန်မတို့ဒါကို တာဝန်ယူပါတယ်။ အားလုံး ဂရုတစိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ကျွန်မတိုက်တွန်း
ချင်ပါတယ်။”
“မွေးမြူရေးကတော့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ် ”ဟု ၎င်းက ထပ်ပေါင်းပြောကြားခဲ့သည်။
ဒေသတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါးနေသေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အခြေအနေများကို လှည့်လည်စစ်ဆေးနေဆဲဖြစ်သည်၊ ထို့ကြောင့် အစိုးရအနေနှင့် ၎င်းတို့အား ဒေသတွင် ရင်းနှီးမြှုပ်နှံ
မှုပြုလုပ်ခြင်းသည် အကျိုးရှိကြောင်းပြသနိုင်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။
ဂျပန်မှ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မြိတ်ကျွန်းစုနှင့် အခြားကျွန်းများရှိ ကမာကောင်များ၊ ခရုများ နှင့် အခြား ဂဏ္ဏန်းကွက်များကို လေ့လာခဲ့ကြသည်။