ကဗျာဝကမ်းခြေ သန့်ရှင်းသာယာလှပရေး ပြည်နယ်အစိုးရ အလေးထားဆောင်ရွက်သင့်ဟု တိုက်တွန်း

...

ကဗျာဝကမ်းခြေ သန့်ရှင်းသာယာလှပရေး ပြည်နယ်အစိုးရ အလေးထားဆောင်ရွက်သင့်ဟု တိုက်တွန်း

Burma News International, 14 Sep 2017

URL: http://www.bnionline.net/news/mon-state/item/3485-activists-administrators-urge-mon-state-govt-to-manage-local-beach-ahead-of-peak-tourism-season.html
ဧည့်သည်အများအပြား လာရောက်အပမ်းဖြေလည်ပတ်လျက် ရှိသည့် ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကမ်းခြေအား လာမည့်ပွင့် လင်းရာသီအတွင်း သန့်ရှင်းသာယာရေးနှင့် စနစ်တကျဖြစ်စေ ရေးအတွက် ပြည်နယ်
အစိုးရအနေဖြင့် အလေးအနက်ထား ဆောင် ရွက်သင့်ကြောင်း ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း များက တိုက်တွန်းပြောဆိုလိုက်သည်။

ကဗျာဝကမ်းခြေသည် ရေးမြို့မှ အနောက်တောင်ဘက် ၁၈ မိုင် ခွဲခန့်အကွာတွင်တည်ရှိပြီး ကတ္တရာလမ်းအတိုင်း မော်တော်ကား ဖြင့် ၄၅ မိနစ်ခန့်အချိန်အတွင်း သွားရောက်လည်ပတ်နိုင် မည့် ပင်လယ်ကမ်းခြေအ
ပမ်းဖြေစခန်းဖြစ်ပြီး အလားတူမြို့နယ် အ တွင်းရှိ ဓမင်းဆိပ်နှင့် ကော့ဒွတ်ကျိုက်မင်းဝဲ့ ပင်လယ်ကမ်းခြေ သို့လည်း သွားရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ သည်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင် ဝင်းက "လည်ပတ်သူအတော်များလာတယ်၊ အဲ့လိုဖွံ့ဖြိုးလာပေ မယ့် စနစ်တကျမရှိသေးဘူး၊ ဒေသခံတွေရဲ့ မိရိုးဖလာပုံစံနဲ့ပဲ ပရမ်းပတာပုံစံမျိုးဖြစ်နေ
တယ်၊ ဆိုင်ခန်းနေရာချထားမှုစတဲ့အ ဆင်မပြေမှုတွေများခဲ့တယ်၊ ဒီနှစ်ပွင့်လင်းရာသီမှာ ယခင်နှစ်တွေ ကထက် လည်ပတ်သူများလာမယ်လို့မြင်တယ်၊ ပြည်နယ်အစိုးရ အနေနဲ့ ကမ်း ခြေသာယာလှပရေးစနစ်တကျ
စီမံခန့်ခွဲမှုတွေ ပွင့်လင်းရာသီအမီ လုပ်သင့်တယ်လို့မြင်တယ် " ဟု ပြောသည်။

သို့ရာတွင် ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတစ်ခုအဖြစ် အဆိုပါကျေးရွာအနီး ပင်လယ်ကမ်းခြေတလျှောက်နှင့် တောင်ဘက်မကျီးချောင်းဝအထိ ၈ မိုင်ခန့်ရှိကာ အဆင်မြင့်နားနေခန်းများ၊ ဘန်ဂလိုများ၊
ရုံးခန်းများ၊ ကားရပ်နားရန်နေရာများ၊ ရေ ကူးခန်းများ၊ စားသောက်ခန်းများအတွက် ရန်ကုန်မြို့အခြေစိုက် Aurum Company Limited က ဒေါ်လာ ၁၂ သန်း ကနဦး ရင်းနှီးမြှုပ်ရန် ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိ
နှိုင်းဆွေးနွေးထားသော်လည်း မြေယာပိုင်ဆိုင်မှုအခက်အခဲများကြောင့် ယနေ့ တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။