သံလွင်တံတား(ချောင်းဆုံ)ကို လာမည့်မတ်လတွင် စတင်အသုံးပြုနိုင်မည်

...

သံလွင်တံတား(ချောင်းဆုံ)ကို လာမည့်မတ်လတွင် စတင်အသုံးပြုနိုင်မည်

Mon News Agency, 27 Oct 2016

URL: http://monnews.org/2016/10/27/thanlwin-chaungzone-bridge-to-begin-operation-in-march/
၂၀၁၇ခုနှစ် မတ်လတွင် တံတားဆောက်လုပ်မှု ပြီးစီးသည့်နောက် သံလွင်(ချောင်းဆုံ)တံတားကို ပြည်သူများမှ
မွန်ပြည်နယ် မြို့တော်ဖြစ်သည့် မော်လမြိုင်မြို့မှ ဘီလူးကျွန်းချောင်းဆုံသို့ ဖြတ်သန်းရာတွင် အသုံးပြုနိုင်တော့
မည်ဖြစ်သည်။

တံတားတည်ဆောက်ရေးစီမံကိန်းအဖွဲ့(၄)ညွှန်ကြားရေးမှူး ဦးမြင့်မွန်က"လာမယ့်မတ်လမှာ တံတားအသုံးပြုဖို့
လျာထားတယ်ပေါ့၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ပြီးစီးအောင် ကြိုးစားလုပ်နေပါတယ်"ဟုပြောသည်။လက်
ရှိတွင် တံတားတည်ဆောက်မှု ၆၇ ရာခိုင်နှုန်း ပြီးစီးနေပြီး အဖွဲ့အနေနဲ့ တံတားတစင်းလုံးကို ၂၀၁၇ခုနှစ် မတ်
လမှာ ပြီးစီးနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြောင်း ပြောခဲ့သည်။

အဆိုပါတံတားစီမံကိန်း ခန့်မှန်းကုန်ကျငွေကျပ်(၅၉၈၀၀)သန်း လျာထားခဲ့ပြီး တံတားတည်ဆောက်ရေးအတွက်
၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင် ငွေကျပ်(၃၇၀၀)သန်း ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၂၀၀၀၀)
သန်းကို သုံးစွဲပြီးဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၃၁၃၆၀)သန်း သုံးစွဲရန် လျာထားကြောင်း
သိရသည်။

ဘီလူးကျွန်းဒေသခံ ဒေါ်မြတ်နိုးသူက"တံတားပြီးစီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ ဒါပေမယ့်
စိုးရိမ်စရာ တစ်ခုကတော့ ကုမ္ပဏီတွေ ၊စက်ရုံတွေ ဝင်လာမယ်ဆိုရင် ဒေသရှိ အိမ်တွင်းလက်မှုပညာတွေ ကွယ်
ပျောက်သွားမှာ စိုးရိမ်တယ် " ဟု ပြောသည်။

တံတားတစ်ခုလုံး၏ အရှည်မှာ(၅၂၀၃.၄)ပေရှိပြီး နှစ်လမ်းသွား ကားလမ်းအကျယ်(၂၈)ပေ၊ လူသွားလမ်းအကျယ်
တစ်ဖက်လျှင်(၃)ပေ (၃)လက်မစီဖြစ်သည်။

သံလွင်(ချောင်းဆုံ)တံတားစီမံကိန်းကို ၂၀၁၅ ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် မုပွန်ရပ်ကွက်မှ
ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာသို့ ဆက်သွယ်ထားခြင်းဖြစ်သည်။