တိုင်းရင်းသားကျန်းမာရေးလုပ်သားများအား အစိုးရနှင့်ကရင်ကျန်းမာရေးဌာနမှ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များပေးအပ်

...

တိုင်းရင်းသားကျန်းမာရေးလုပ်သားများအား အစိုးရနှင့်ကရင်ကျန်းမာရေးဌာနမှ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များပေးအပ်

Karen News, 11 Aug 2017

URL: http://karennews.org/2017/08/ethnic-health-workers-complete-approved-government-and-karen-health-training.html/
ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်၌ အစိုးရနှင့် ကရင့်ကျန်းမာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းပြီးဆုံးပြီးနောက် တိုင်းရင်းသားကျန်းမာရေးလုပ်သားများအား အစိုးရအ
သိအမှတ်ပြုသင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ခုနစ်လကြာဖွင့်လှစ်သည့် မိခင်၊ ကလေးနှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုသင်တန်းအတွက် သင်တန်းသူ၊ သင်တန်းသား ၃၁ ဦးအား သြဂုတ်လ(၈)ရက်နေ့တွင် လှိုင်းဘွဲ့
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဝင်တန်းကို ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ လှိုင်းဘွဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ KDHW၊ ထိုင်း-မြန်မာနယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့အစည်းများဖြစ်သည့် မယ်
တော်ဆေးခန်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း-BMA ၊ IRC-PlE ၊ နှင့် CPI စသည့် အဖွဲ့အစည်းများမှ သင်တန်းဆရာ၊ဆရာမများက ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

KDHW ၊နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့- BPHWT အပြင် KNU တပ်မဟာ ၇ ခု ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်- DKBA ၊ နယ်ခြားစောင့်တပ်- BGF
၊ ကရင်ငြိမ်းချမ်းရေးကောင်စီ- KNU/KNLA(PC) စသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၏ ကျန်းမာရေးအဖွဲ့အစည်းများမှ သင်တန်းသားများတက်ရောက်ခဲ့သည့် ၎င်းသင်
တန်းတွင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆိုင်သည့် စာတွေ့ဘာသာရပ် ၁၅ခုကို ၃ လ ၊ လက်တွေ့ကွင်းဆင်းသင်ကြားမှုအနေဖြင့် ဘာသာရပ် ၁၄ခုကို ၄ လ စသည်
ဖြင့် သင်တန်းချိန် ၇လတာ အချိန်ယူသင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ကော်သူးလေကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန KDHW မှာ KNU - ကရင်အမျိုးသားအစည်းအရုံး၏လက်အောက်ရှိ ဌာန ၁၄ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့သည့်အပစ်
အခတ်ရပ်စဲရေးကာလမှ စတင်ကာ အစိုးရကျန်းမာရေးဌာနများနှင့်ပူးပေါင်းပြီး ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။