အစိုးရမှ ကျောင်းမနေသည့်လူငယ်များအတွက် အသက်မွေးမှုသင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်မည်

...

အစိုးရမှ ကျောင်းမနေသည့်လူငယ်များအတွက် အသက်မွေးမှုသင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်မည်

Myanmar Times, 15 Aug 2017

URL: https://www.mmtimes.com/national-news/yangon/27263-government-to-open-vocational-training-schools-for-dropouts-in-yangon.html
ကျောင်းမနေသည့်လူငယ်များအတွက် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းအစိုးရနှင့် ပညာရေးဝန်ကြီးဌာနသည် အသက်မွေးမှုသင်တန်း
ကျောင်းတစ်ခု ရန်ကုန်တိုင်းတွင် ဖွင့်လှစ်ရန် စတင်ပူးပေါင်းလုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့သည်။

“ကျောင်းမနေတဲ့ ကျောင်းပြင်ပရောက်ကလေးတွေအတွက် သူတို့တတ်နိုင်သလောက် ပညာသင်ဖို့ အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ် ”ဟု ဦးဖြိုးမင်းသိန်းက သြဂုတ်လ(၁၂)ရက်နေ့တွင်
ပြုလုပ်သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အလွတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အလုပ်အကိုင်အခွင့်အလမ်းတွေကို သူတို့ရရှိမှာဖြစ်သလို နိုင်ငံအတွက် ကျွမ်းကျင်လုပ်သားတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးတွေကို အလွတ်ပညာ
သင်ကျောင်းကနေတဆင့် အသက်မွေးမှုသင်တန်းပေးဖို့လိုအပ်ပါတယ်။ အသက်မွေးမှုသင်တန်းကို အခြေအနေအလိုက် ကျွန်တော်တို့ ပြန်လည်မွမ်းမံဖို့အတွက် ပညာရေးဝန်ကြီးဌာ
နနဲ့အတူ ပူးပေါင်းလုပ်ဆောင်ပါမယ် ”ဟု သူက ပြောကြားခဲ့သည်။

အလွတ်ပညာသင်ကြားရေးအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ မြန်မာ့စာပေအရင်းအမြစ်စင်တာ၊ UNICEF ၊ အခြားအလှူရှင်များနှင့်အတူ ပူးပေါင်း၍ ၂၀၀၈-၂၀၀၉ ခုနှစ် ပညာ
သင်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အစီအစဉ်တွင် ကျောင်းထွက်လိုက်သည့်ကလေးများအတွက် အခွင့်အလမ်း ပံ့ပိုးပေးခြင်းပါဝင်သည်။

နိုင်ငံတဝှမ်းတွင် အမျိုးမျိုးသော အစိုးရနည်းပညာတက္ကသိုလ်များနှင့် နည်းပညာဆိုင်ရာအဆင်မြင့်စာသင်ကျောင်းများ၌ အသက်မွေးမှုသင်တန်းစင်တာ စုစုပေါင်း(၅၉)ခုရှိသော်လည်း
အလုပ်နေရာမလုံလောက်မှုကြောင့် နှစ်စဉ် ကျောင်းသား(၂၀၀၀၀)လောက်သာ ပံ့ပိုးပေးနိုင်သည်။

ထို့ပြင် ထိုအသက်မွေးမှုသင်တန်းကျောင်းများတွင် ပညာရေးဝန်ကြီးဌာနမှလည်း အသက်မွေးမှုကာလတိုသင်တန်းများကို သက်ဆိုင်ရာအဖွဲ့များနှင့်အတူ ပူးပေါင်းသင်တန်းပေးလျှက်
ရှိသည်။