အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စွမ်းရည်မူဝါဒ ရေးဆွဲမည်

...

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စွမ်းရည်မူဝါဒ ရေးဆွဲမည်

Myanmar Times, 25 Aug 2017

URL: https://www.mmtimes.com/news/policy-tap-energy-youth-national-development-effort.html
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်ရာ၌ နိုင်ငံ့လူငယ်များ၏ စွမ်းရည်ကို အသုံးချနိင်ရန်ရည်ရွယ်၍ အမျိုးသားလူငယ်မူဝါဒတစ်ရပ်ကို အစိုးရနှင့် ကိုယ်စားလှယ်များမှ ရေးဆွဲမည်ဖြစ်ကြောင်း
တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံအနှံ့ နှစ်ရှည်လများစွာ တိုင်ပင်ဆွေးနွေးပြီးနောက် ရရှိလာသောစုပေါင်းအဆိုပြုချက်များအပေါ်အခြေခံ၍ မူဝါဒ မူကြမ်းတစ်ရပ်ရေးဆွဲရန်အတွက် ဝါရင့်အစိုးရအရာရှိများနှင့် လူငယ်
ကိုယ်စားလှယ်များသည် နေပြည်တော်၌ သြဂုတ်လ(၂၄)နှင့် (၂၅)ရက်နေ့တွင် တွေ့ဆုံစည်းဝေးခဲ့သည်ဟု မြန်မာ့အမျိုးသားလူငယ်မူဝါဒရေးဆွဲရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရစိုး
က ပြောပြခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏အဆိုပြုချက်တွင် လူငယ်အခေါ်အဝေါ်ကို အသက်(၃၀)နှစ်အထိ အမြင့်ဆုံးသတ်မှတ်ထားကြောင်း ကိုသူရစိုးက ပြောပြခဲ့သည်။

မူကြမ်းတွင် လူငယ်မူဝါဒများ၊ စီးပွားရေး၊ စာပေနှင့် ယဉ်ကျေးမှု ၊ သုတေသန ၊ သိပ္ပံနှင့် နည်းပညာ စသည်တို့ပါဝင်သည်။

သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း၊ ဥပဒေနှင့်အမိန့်၊ ကျား၊မ တန်းတူညီတူရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဆက်ဆံရေး စသည်တို့၌ ပူးပေါင်းပါဝင်မှုရှိစေရန်အလို့ငှာ
လူငယ်များအတွက် လုပ်ထုံးလုပ်နည်းနှင့် စနစ်များလည်း ပါဝင်သည်။

မူဝါဒကြမ်းတွင် လူငယ်မူဝါဒ အဓိကအချက်များကို အကောင်အထည်ဖော်မည်ဖြစ်သောကြောင့် လူငယ့်ရေးရာကော်မတီတည်ထောင်ရေးလည်း ပါဝင်မည်ဖြစ်သည်။ ထိုကော်မတီတွင် ပြည်ထောင်စု
အဖွဲ့ဝင်၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက်ကျွမ်းကျင်လူမှုအဖွဲ့များ နှင့် လူငယ်အဖွဲ့အစည်းများပါဝင်မည်ဖြစ်သည်။

မူကြမ်းအဆိုပြုချက်အရ အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု ၊တိုင်းနှင့်ပြည်နယ်အစိုးရများမှ ဘတ်ဂျက်ခွဲဝေ ချထားပေးမည်ဖြစ်သည်။