အော်တစ်ဇင်(ဉာဏ်ရည်မသန်စွမ်း)သည့်ကလေးများအတွက် ပြုစုစောင့်ရှောက်ရေးစင်တာသစ် မော်လမြိုင်တွင် ဖွင့်လှစ်မည်

...

အော်တစ်ဇင်(ဉာဏ်ရည်မသန်စွမ်း)သည့်ကလေးများအတွက် ပြုစုစောင့်ရှောက်ရေးစင်တာသစ် မော်လမြိုင်တွင် ဖွင့်လှစ်မည်

The Global New Light of Myanmar, 22 Aug 2017

URL: https://issuu.com/myanmarnewspaper/docs/22_aug_17_gnlm
ဉာဏ်ရည်မသန်စွမ်းသည့်ကလေးများအတွက် အထူးစောင့်ရောက်ရေးစင်တာသစ်တစ်ခုကို ၂၀၁၈ ခုနှစ်အစောပိုင်းတွင် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့တွင်
ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာအော်တစ်ဇင်အသင်း၏ ပြောကြားချက်အရ သိရှိရသည်။

“ကျွန်တော်တို့မြို့မှာ ဒီ အော်တစ်ဇင်ခံစားနေရတဲ့ ကလေး ခန့်မှန်းခြေအားဖြင့် အယောက် ၃၀ လောက်ရှိပါတယ်” ဟု စင်တာထောင်မည့်အဖွဲ့ထဲမှ တစ်ဦးဖြစ်သူ ဦးကျော်စွာ
အောင်က ပြောခဲ့သည်။ “ ဒီစင်တာတည်ထောင်တဲ့ရည်ရွယ်ချက်ကတော့ အော်တစ်ဇင်ကလေးတွေကို ဒီစင်တာကနေတဆင့် အထူးစောင့်ရှောက်ပေးခြင်းဖြင့် ဒီကလေးတွေ
ရဲ့ ဘဝတိုးတက်ကောင်းမွန်သွားစေဖို့ ရည်ရွယ်ပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးတွေကို ဒီစင်တာမှာ နေခွင့်ပြုပါတယ်။”

စင်တာသစ်ကို ဒေသခံများ၏ငွေကြေး အကူအညီဖြင့် ငွေကျပ် သန်း ၂၅၀ ကုန်ကျမည်ဖြစ်သည်။ သုံးထပ်အဆောက်အဦးတွင် ကျွမ်းကျင်အော်တစ်ဇင်သင်တန်းဆရာများနှင့် ကလေးဖွံ့ဖြိုးတိုးတက်မှုကျွမ်းကျင်သူများပါဝင်မည်ဖြစ်သည်။ အော်တစ်ဇင်ကလေးတစ်ဦး၏ဖခင်ဖြစ်သူ ဦးသန်းထိုက်ထွန်းက ယခုလို သင်တန်းစင်တာသစ် တည်ထောင်ခြင်း
ကို ကြိုဆိုကြောင်းနှင့် အော်တစ်ဇင်ကလေးများ ဘဝတိုးတက်ကောင်းမွန်ရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောခဲ့သည်။

ကမ္ဘာတဝှမ်းလုံးတွင် ကလေး ၆၈ ယောက်တွင် တစ်ယောက်မှာ အော်တစ်ဇင်ရောဂါရှိပြီး ကမ္ဘာပေါ်တွင် အော်တစ်ဇင်ရောဂါခံစားနေရသူ(၆၇)သန်းရှိသည်။

အော်တစ်ဇင်ရောဂါကို ငယ်စဉ်ကလေးဘဝ၌ပင် တွေ့ရှိနိုင်ပြီး ဆက်ဆံရေးအားနည်းပြီး အပြုအမူများထပ်တလဲလဲလုပ်ခြင်းများဖြစ်ကြသည်။