သက်ကြီးရွယ်အိုများအတွက် သက်သာချောင်ချိရေးကတ်ပြားများ ထုတ်ပေးမည်

...

သက်ကြီးရွယ်အိုများအတွက် သက်သာချောင်ချိရေးကတ်ပြားများ ထုတ်ပေးမည်

Myanmar Times, 03 Oct 2017

URL: https://www.mmtimes.com/news/senior-cards-give-elderly-break-costs.html
အစိုးရသည် သက်ကြီးရွယ်အိုများအတွက် ဂရုစိုက်စောင့်ရှောက်သည့်အသိုင်းအဝန်းတရပ် ဖန်တီးပေးရန် ကြိုးပမ်းနေသည့်အား လျော်စွာ သက်ကြီးရွယ်အိုများအတွက် အထူးအကြီးတန်းကတ်ကို
မိတ်ဆက်ပေးမည်ဖြစ်ပြီး ထိုကတ်ဖြင့် ပိုမိုစျေးသက်သာသည့်
ကျန်းမာရေးစောင့်ရှောက်မှုများကိုဖြစ်စေ၊ စျေးဝယ်ရာတွင် လျှော့စျေးဖြင့်ဖြစ်စေ ရရှိနိုင်မည်ဖြစ်သည်။

သက်ကြီးရွယ်အိုများအတွက်ဥပဒေများရေးဆွဲပြီးသည်နှင့်တပြိုင်နက် ထိုကတ်များကို ထုတ်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ လူမှုဝန်
ထမ်းဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်ကျော်မိုးက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ထိုကတ်ထုတ်ပေးမည့်အကြောင်းကို အောက်တိုဘာ(၁၀)ရက်နှင့်(၂၀)ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဥပဒေထွက်လာတာနဲ့ ကျွန်တော်တို့ကတ်တွေထုတ်ပေးပါမယ်”ဟု သူကပြောသည်။

တခြားနိုင်ငံများတွင် သက်ကြီးရွယ်အိုများသည် အထူးအကြီးတန်းကတ်ကို အသုံးပြု၍ စျေးဝယ်ရာတွင် သက်သာစွာဝယ်ယူနိုင်သည်၊ဥပမာ- ကျန်းမာရေးစောင့်ရှောက်မှုများကို စျေးသက်သာစွာဖြင့်
ရရှိနိုင်ပြီး ခရီးထွက်ရာတွင် နေရာဦးစားပေးခြင်းခံရသလို သတ်မှတ်ထားသောဆိုင်များတွင် စျေးသက်သာစွာ ဝယ်ယူရရှိနိုင်သည်။

သက်ကြီးရွယ်အိုများအတွက်ဥပဒေရေးဆွဲပြီးဖြစ်ပါက လိုအပ်သည်များကို ပံ့ပိုးပေးနိုင်ရန်အတွက် နောက်ထပ်ဆွေးနွေးမှုများကို သက်ဆိုင်ရာဌာနများနှင့်အတူ ဆွေးနွေးသွားမည်ဖြစ်သည်။ လူမှုဝန်
ထမ်းဌာနသည် သက်ကြီးရွယ်အို အရေအတွက်မည်မျှရှိသည်ကို စာရင်းကောက်ယူပြီးဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် အသက် ၉၀နှင့်အထက် နိုင်ငံသားသက်ကြီးရွယ်အို (၃၉၄၄၀)ဦးအား လူမှုပင်စင်အနေဖြင့် တစ်ဦးလျှင် လစဉ် ကျပ်တစ်သောင်းစီ ပံ့ပိုးပေးလျှက်ရှိသည်။