အမျိုးသမီးများနှင့်မိန်းကလေးငယ်များကို အကြမ်းဖက်မှုမှ ကာကွယ်ပေးမည့်ဥပဒေသစ်

...

အမျိုးသမီးများနှင့်မိန်းကလေးငယ်များကို အကြမ်းဖက်မှုမှ ကာကွယ်ပေးမည့်ဥပဒေသစ်

The Irrawaddy, 17 Oct 2017

URL: https://www.irrawaddy.com/news/burma/new-law-protect-women-girls-violence.html
လေးနှစ်ကြာမျှ စောင့်ဆိုင်းရပြီးနောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းပေးမည့် ဥပဒေကြမ်းကို ယခုလွှတ်တော်အစည်းအဝေး ကာလအတွင်း တင်သွင်း သွားတော့မည်ဟု သိရသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဥပဒေတရပ် သီးသန့်ပြဋ္ဌာန်းပြီး အကာအကွယ်ပေးရန် တောင်းဆိုမှု အများအပြား ရှိလာသောကြောင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေး ဥပဒေကြမ်းကို
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် အမျိုးသမီအခွင့် အရေးအဖွဲ့များက ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲ ခဲ့သည်။

ဥပဒေကြမ်း၏ နောက်ဆုံးမူကို အပြီးသတ် ရေးဆွဲပြီး ကြောင်း ပါဝင်ရေးဆွဲနေသည့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ၏အဆိုအရ သိရသည်။ ထိုမူကြမ်းကို လက်ရှိ ကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် တင်
သွင်းမည်ဟု ၎င်းတို့က ဧရာဝတီသတင်းဌာနသို့ပြော သည်။

ထိုဥပဒေသည် အိမ်တွင်းအကြမ်းဖက်မှု၊ ခင်ပွန်းသည်၏ အဓမ္မပြုကျင့်မှုနှင့် လုပ်ငန်းခွင်နှင့် အများ ပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ထိကပါးပြုမှု၊ နှောင့်ယှက်မှုများ
အပါအဝင် အကြမ်းဖက်မှု ပုံစံမျိုးစုံမှ အမျိုးသမီးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည်ဟု လည်း ၎င်းတို့ကပြောသည်။

ထိုဥပဒေကို ပြဌာန်းပြီးပါက အကြမ်းဖက်မှု ကျူးလွန်ခံရသူများသည် ထိရောက်သော ဥပဒေနှင့် ကျန်းမာရေး အကူအညီများ ပိုမိုရရှိမည်ဟုလည်း Legal Clinic Myanmar ကို ပူးတွဲတည်ထောင်သူ ဖြစ်သလို ဒါရိုက်တာလည်းဖြစ်
သည့် ဒေါ်လှလှရီ ကပြောသည်။

ဥပဒေအရ ပြန်လည်ကုစားပေးသော လုပ်ငန်းဖြစ်သည့် Legal Clinic Myanmar သည် များသောအားဖြင့် အမျိုးသမီး များနှင့် ကလေးသူငယ်များအတွက် အခမဲ့ တရားဥပဒေဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့ဖြစ်သည်။

လက်ရှိဥပဒေမူကြမ်းအရ အသက် ၁၈ နှစ်အောက် မိန်းကလေးများနှင့် မသန်စွမ်းသော အမျိုးသမီးများကို အဓမ္မပြု ကျင့်သူများ သည် တသက်တကျွန်း ကျခံရမည်ဖြစ်သည်။ မိမိဇနီးကို အလိုမတူ ပြုကျင့်သူများသည် ထောင်ဒဏ်
၂ နှစ်မှ ၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။ အမျိုးသမီးများ နှင့် မိန်းကလေးငယ်များကို ထိခိုက်နာကျင်အောင်ရိုက်နှက်မှု၊ ကိုယ်အင်္ဂါပျက်စီးသည် အထိ ပြုလုပ်သူများ အတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကိုလည်း ပြဌာန်းထား
သည်ဟု သိရသည်။

၎င်းတို့၏ ကော်မတီသည် အထက်ပါ ဥပဒေအပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးသေနင်္ဂဗျူဟာ စီမံချက် (၂၀၁၃-၂၀၂၂) ကိုလည်း အကောင်အထည်ဖော်နေသည်ဟု အမျိုးသမီးနှင့် ကလေး သူငယ်များ ဆိုင်ရာ ကော်မတီ အ
တွင်းရေးမှူး နော်ဆူဇန်နာ လှလှစိုးက ပြောသည်။

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပုံစံ အားလုံးပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် -CEDAW ဆိုင်ရာ အစိုးရ ၏အစီရင်ခံစာကို လွန်ခဲ့သောနှစ်က ကုလသမဂ္ဂတွင် တင်သွင်းခဲ့ပြီး မကြာမီတွင် အထက်ပါ စီမံချက်ကို
အကောင်အထည် ဖော်ရန် လုပ်ငန်းကော်မတီကိုဖွဲ့စည်းခဲ့သည်။