အင်္ဂလိပ်-မြန်မာ-စကော၊ ပိုး ကရင်ပူးတွဲအဘိဓါန် စတင်ပြုစု

...

အင်္ဂလိပ်-မြန်မာ-စကော၊ ပိုး ကရင်ပူးတွဲအဘိဓါန် စတင်ပြုစု

Karen News, 18 Oct 2017

URL: http://karennews.org/2017/10/committee-begins-development-of-english-myanmar-and-karen-languages-dictionary.html/
အင်္ဂလိပ်-မြန်မာ-စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ပူးတွဲအဘိဓါန် စတင်ပြုစုခြင်း ဖွင့်ပွဲအခမ်းအနားကို ပြုစုရေးရုံးတည်ရှိသည့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊
အမှတ် ၅၂၄ ၌ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် နိုင်ရန် ရည်ရွယ်ပြုစုခြင်းဖြစ်သည်ဟု အဘိဓါန် ဖြစ်မြောက်ရေးကော်မတီကပြောသည်။
အဆိုပါအဘိဓါန်ဖြစ်မြောက်ရေး နာယကဖွဲ့ဝင်များအဖြစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီဒေသကြီး
ကရင်လူမျိုးရေးရာဝန်ကြီး တို့ ပါဝင်သလို ဖြစ်မြောက်ရေးဦးဆောင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာဝန်ကြီးက အဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် မွန်
ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များမှ ကိုယ်စားလှယ်တဦးစီပါဝင်သည်။

အဆိုပါအဘိဓါန်ဖြစ်မြောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေကျပ် သိန်းငါးဆယ် ကနဦးပေးလှူခဲ့သလို ကရင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ စောပလာတူးက ကျပ်သိန်း ၄၀ ၊
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူက အလှူငွေကျပ် သိန်း ၃၀ နှင့် ရန်ကုန်မြို့ခံ ကရင်စီးပွားရေးလုပ်ငန်းရှင်များနှင့်တဦးချင်းအလိုက်အလှူငွေ အသီးသီးထည့်ဝင်လှူဒါန်းထားသည်။