ဝန်ကြီးဌာနသစ် နှစ်ခုအား ထပ်မံတည်ထောင်

...

ဝန်ကြီးဌာနသစ် နှစ်ခုအား ထပ်မံတည်ထောင်

Mizzima, 24 Nov 2017

URL: http://www.mizzima.com/news-domestic/two-new-ministries-established
ယမန်နေ့၌ မြန်မာလွှတ်တော်သည် ဝန်ကြီးဌာနသစ်(၂)ခုအား တည်ထောင်ခွင့်ပြုလိုက်ကြောင်း ရှင်ဟွာသတင်းက ဖော်ပြသည်။

အသစ်တည်ထောင်လိုက်သည့် ဝန်ကြီးဌာနနှစ်ခုမှာ ပြည်ထောင်စုအစိုးရ ရုံးဝန်ကြီးဌာနနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဖြစ်သည်။ ဝန်ကြီးဌာနနှစ်ခုလုံးအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် အမျိုးသားလုံံခြုံရေးအကြံပေးဖြစ်သူဦးသောင်းထွန်းနှင့် နိုင်ငံခြားရေးရာဝန်ကြီးဖြစ်သူ ဦးကျော်တင်အား ခန့်အပ်ခဲ့သည်။

အသစ်တည်ထောင်လိုက်သည့် ဝန်ကြီးဌာနများသည် အုပ်ချုပ်ရေးကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးကိစ္စရပ်များအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။