နှစ်ပေါင်း(၂၀)ကျော်ပိတ်ထားသည့် လှိုင်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်

...

နှစ်ပေါင်း(၂၀)ကျော်ပိတ်ထားသည့် လှိုင်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်

Myanmar Times, 06 Dec 2017

URL: https://www.mmtimes.com/news/yangon-universitys-hlaing-campus-open-again-after-20-years.html
နှစ်ပေါင်း(၂၀)ကျော် ပိတ်ထားသည့် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်(နယ်မြေ) RC-2 ကို ဒီဇင်ဘာလ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းသားပေါင်း တစ်ထောင်ကျော် တက်ရောက်နေကြပြီဖြစ်သည်။

ထိုအဆောက်အဦးကို ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်အဖြစ် ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့သည်။

“၁၉၈၈မှာ ကျောင်းသားအရေးအခင်းဖြစ်တာကြောင့် တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေကို ပိတ်ခဲ့ပါတယ်။ ဒီအဆောက်အဦးကို ၁၉၉၁ ခုနှစ်မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှာတော့ ၁၉၉၆ မှ ထပ်ပြီးပိတ်ခဲ့တာ ယနေ့ထိထက်တိုင်အောင်ပါပဲ” ဟု
၁၉၈၂-၁၉၈၃ နှင့် ၁၉၈၃-၁၉၈၄ စာသင်နှစ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအံ့ဘွယ်ကျော်က ပြောသည်။

“ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ RC-2 မှာ စာသင်ခန်းတွေ ပိုမိုထားရှိသွားမှာပါ” ဟု နိုင်ငံတကာဆက်ဆံရေးဌာနမှ ဆရာတစ်ဦးဖြစ်သူဦးစိုင်းခိုင်မျိုးထွန်းက ပြောခဲ့သည်။

“ကျောင်းသားဟောင်းအများစုက အာစီတူးပြန်လည်ဖွင့်လှစ်တာကို ကြိုဆိုကြပါတယ်၊ ဒီအဆောက်အဦးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အစိတ်အပိုင်းတခုလိုပါပဲ။ အခြားတဖက်ကကြည့်မယ်ဆိုရင်လည်း တချို့စာသင်ခန်းတွေက ပထမဆုံးနေ့အတွက် အသင့်မ
ဖြစ်သေးပါဘူး” ဟု ဦးစိုင်းခိုင်မျိုးထွန်းက ပြောသည်။

၂၀၀၀ခုနှစ်၌ ရန်ကုန်တက္ကသိုလ်ပညာရေးဌာနသည် အာစီတူးမှ အဆောက်အဦးတချို့အား ဆရာအတတ်သင် သင်တန်းစင်တာအဖြစ် အသုံးပြုခဲ့သည်။ ထို့နောက် သင်တန်းစင်တာကို ရန်ကုန်တက္ကသိုလ်ပညာရေးဌာန အနီးသို့ ပြန်လည်နေရာချထားခဲ့ပြီး ဒီဇင်ဘာ(၁)ရက်
နေ့တွင် ဖွင့်လှစ်ခဲ့သည်။
“အဆောက်အဦးအများစုက ကောင်းနေဆဲပါ၊ ဒါကြောင့် ကျွန်တော်တို့ ပြန်လည်ပြင်ဆင်ဖို့ပဲ လုပ်ရပါမယ်”ဟု ဦးသိန်းဝင်းကပြောသည်။