MADB ဘဏ်မှ မွန်ပြည်နယ်ရှိ လယ်သမားများအတွက် ချေးငွေကျပ် (၅)ဘီလီယမ် ချေးမည်

Myanmar Times, 05 Dec 2017
URL: https://www.mmtimes.com/news/madb-extends-k5-billion-loan-mon-state-farmers.html
နိုင်ငံပိုင် မြန်မာ့စိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်(MADB) မှ မွန်ပြည်နယ်ရှိ လယ်သမားများအား ချေးငွေကျပ်(၅)ဘီလီယမ် ချေးရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ် မော်လမြိုင်ရှိ MADB ဘဏ်ခွဲထံမှ သိရှိရသည်။
“တစ်နှစ်မှာ အတိုးက(၈)ရာခိုင်နှုန်းက အခြားငွေကြေးပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေထက် ပိုမိုနည်းပါးတာကြောင့်မို့လို့ အများက ချေးငွေကို စိတ်ဝင်စားနေကြပါတယ်” ဟု မွန်ပြည်နယ်ရှိ MADB ဘဏ်မှ မန်နေဂျာဖြစ်သူ
ဦးကျော်စွာလှိုင်က ပြောသည်။
လယ်သမားများသည် ယခုအချိန်မှစ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ချေးငွေ လျှောက်ထားနိုင်ပြီဖြစ်သည်။ ချေးငွေအား မြေပမာဏအလိုက် အချိုးကျပေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လအကုန်တွင် ပြန်လည်ပေးဆပ်
ရမည်ဖြစ်သည်။
လယ်သမားများများစားစားမရှိသည့် ရဲမြို့နယ်မှလွဲ၍ မွန်ပြည်နယ်ရှိ မြို့နယ်(၉)ခုစလုံးမှ လယ်သမားများသည် ချေးငွေအတွက် လျှောက်ထားနိုင်သည်။
ဆောင်းရာသီ ရိတ်သိမ်းချိန်အတွက် ချေးငွေကို လယ်သမားများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ယခင်နှစ်ကထက် ပိုမို အရိတ်စောမည်ဖြစ်သည်။ ထို့ပြင် အတိုးနှုန်းမှာ နည်းမည်ဖြစ်ပြီး အတိုးပမာဏမှာ လယ်သမားများအတွက် သင့်လျော်မှုရှိသည် ဟု မုဒုံမြို့နယ်ရှိ လယ်သမားတစ်ဦးဖြစ်သူ ဦးလှရွှေက ပြောသည်။
၂၀၁၇- ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်၌ MADB ဘဏ်သည် မွန်ပြည်နယ်အတွက် စုစုပေါင်းချေးငွေ ကျပ်သန်း(၉၀၀)ကို အတည်ပြုခဲ့သည်။