အင်းလေးကန်နှင့် လွိုင်ကော်အကြားတွင် ခရီးသွားလှည့်လည့်စရာ နေရာသစ်တစ်ခု ဖန်တီးမည်

...

အင်းလေးကန်နှင့် လွိုင်ကော်အကြားတွင် ခရီးသွားလှည့်လည့်စရာ နေရာသစ်တစ်ခု ဖန်တီးမည်

The Global New Light of Myanmar, 11 Dec 2017

URL: https://issuu.com/myanmarnewspaper/docs/11_dec_17_gnlm
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ခရီးသွားကုမ္ပဏီများပူးပေါင်း၍ ရှမ်းပြည်နယ်၊ အင်းလေးကန်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့အကြား၌ လှေဖြင့်သွားရသည့် ခရီးသွားနေရာတစ်ခု ဖန်တီးတော့မည်ဖြစ်ကြောင်း
မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ရေထိန်းတံခါးကြီးကို ပြန်လည် ဖွင့်လှစ်ပေးလိုက် ခြင်းမှာ မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဒေသတခုဖြစ်သော ရှမ်းပြည်နယ် အင်းလေးသို့ လာရောက် လည်ပတ်သည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များက ကယား
ပြည်နယ် လွိုင်ကော်သို့ ခရီးစဉ်တခု အဖြစ် ရေကြောင်းမှ စက် လှေဖြင့် လာရောက်နိုင်ရန် ရည်ရွယ်ပြီး ပြန်လည် ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကယားပြည်နယ်၊ ဘီလူးချောင်းပေါ်၌ ဆောက်လုပ်ထားသည့် မိုးဗြဲဆည်ရိုးကို ပိုမိုခိုင်မာမှုရှိအောင် ဆက်လက် ပြုပြင်ထိန်းသိမ်းထားမှုများပြုလုပ်ခြင်းနှင့် ရေလမ်းကြောင်း အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

မိုးဗြဲရေဆည်ရိုးများကို ထိန်းသိမ်းမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခြင်းကြောင့် အင်းလေးကန်နှင့် လွိုင်ကော်မြို့အကြားတွင်ရှိသည့် ရေလမ်းကြောင်းကို ပိတ်ထားသည်မှာ နှစ်ပေါင်း(၂၀)ရှိပြီဖြစ်သည်။

ယမန်နှစ်က ရေထိန်းတံခါးများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုအခါ ယင်းတို့သည် အဖွင့်အပိတ်လုပ်ရန်အတွက် လုံလောက်သော ခိုင်မာမှု ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ရေကြောင်းခရီးအစီအစဉ်ကို တဖန် ပြန်လည်ဆန်းသစ်နိုင်တော့မည်ဖြစ်သည်။

ယင်းမိုးဗြဲဆည်မှ နံနက်ပိုင်း ၉ နာရီ ၁ ကြိမ်၊ ညနေပိုင်း ၃နာရီ ၁ကြိမ် အဖွင့်အပိတ် လုပ်ပေးမည် ဖြစ်ပြီး အကယ်၍ အရေးပေါ် အခြေ အနေများ ကြုံလာလျှင်လည်း ဖွင့်ပေးပါမည်ဟု တရားဝင်စာဖြင့် ဆည်မြောင်းဦးစီးဌာနက
အကြောင်းကြားထားကြောင်းလည်း သိရသည်။

ယမန်နှစ်က ကယားပြည်နယ်တွင် ပြည်တွင်းခရီးသွားဦးရေ(၁၆၀၀၀)ကျော်နှင့် နိုင်ငံခြားဧည့်သည်(၆၀၀၀)ကျော် လာရောက်လည်ပတ်ခဲ့သည်။

ယခုနှစ်တွင် ကယားပြည်နယ် အတွက် ပြည်တွင်းခရီးသွား ဦးရေ ၂ သောင်း ၅ထောင်ကျော်နှင့် ပြည်ပခရီးသွားဦးရေ ၁ သောင်းခန့် ဝင်ရောက်လာရန် မျှော်မှန်းထားပြီး ယင်းအပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ည
ပိုင်းလှေဖြင့် အပျော်စီး စီမံကိန်း များကိုလည်း ယခု ဒီဇင်ဘာလကုန်တွင် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

ဤအစီအစဉ်အကောင်အထည်ဖော် ပြီးစီးပါက အင်းလေးကန်မှတဆင့် ခရီးသွား အများအပြားသည် ပြည်နယ်တွင်းသို့ ဝင်ရောက်လာနိုင်ပြီး မြန်မာနိုင်ငံ၏ ကျော်ကြားသောကမ္ဘာလှည့်ခရီးသွားဆွဲဆောင်မှုများထဲမှ တစ်ခုဖြစ်လာ
မည်မှာ ဧကန်မလွဲပင်ဖြစ်သည်။