စီမံကိန်းသစ်ကြောင့် သထုံမြို့နယ်ရှိ ကျေးရွာ(၄၀)ကျော် အကျိုးအမြတ် ရရှိမည်

...

စီမံကိန်းသစ်ကြောင့် သထုံမြို့နယ်ရှိ ကျေးရွာ(၄၀)ကျော် အကျိုးအမြတ် ရရှိမည်

The Global New Light of Myanmar, 11 Dec 2017

URL: https://issuu.com/myanmarnewspaper/docs/11_dec_17_gnlm
မွန်ပြည်နယ်၏ မြို့နယ်တစ်မြို့နယ်ဖြစ်သော သထုံမြို့နယ်တစ်မြို့နယ်လုံးတွင် ဒေသကြီးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းအသစ်တစ်ခု စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ထိုစီမံကိန်းကြောင့် ကျေးရွာ(၄၀)ကျော်သည် တိုက်ရိုက်အကျိုးခံစားရမည်ဟု မျှော်မှန်းထားကြောင်း မြဝတီနေ့စဉ်သတင်းစာက ဖော်ပြထားသည်။

ထိုစီမံကိန်းသည် မွန်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တစ်ရပ်၏ တစိတ်တပိုင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲဖြစ်မှုများကို လျော့ချပေးနိုင်ရန် ၊ ပြီးပြည့်စုံသော ရေပေးဝေမှုစနစ်တစ်ခု ထူထောင်နိုင်ရန်နှင့် ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားရေးခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရေနှင့်ဆိုင်သည့်အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ လမ်းသစ်များခင်းခြင်းနှင့် မြို့နယ်ရှိလမ်းဟောင်းများ ချဲ့ထွင်ခြင်း စသည်တို့ အပါအဝင် စီမံကိန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရသည် ဘတ်ဂျက် ကျပ်သန်း(၃၀၀)ကို အတည်ပြုပေးခဲ့သည်။

စီမံကိန်းသစ်၌ ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေသော လုပ်ငန်းများအားလုံးကို ၂၀၁၈ ခုနှစ် မတ်လ မတိုင်မီ အပြီးသတ် ပြီးစီးရမည်ဖြစ်သည်။

ပြည်နယ်အစိုးရမှ ရပ်ကွက်/မြို့နယ်အသီးသီးသို့ ကနဦးအဆင့်တွင် စုစုပေါင်းကုန်ကျငွေ၏ (၅၀)ရာခိုင်နှုန်းကို ချထားပေးမည်ဖြစ်သည်။

မြို့နယ်ဖွံ့ဖြိုးမှုစီမံကိန်းများ အများအပြားရှိသေးကြောင်း သထုံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးသိန်းဝင်းက ပြောပြခဲ့သည်။

ဘတ်ဂျက်တွင် အကန့်အသတ်များရှိသောကြောင့် စီမံကိန်းတွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်နေသည့် အရာများကို အရင်ဦးစားပေးလုပ်ဆောင်မည်ဖြစ်သည်။

အာဏာပိုင်များမှ ဖွံ့ဖြိုးမှုအစီအစဉ်တွင် အရင်ဦးစားပေးဆောင်ရွက်ရမည့် နေရာများသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီးဖြစ်သည်။ ကျန်သည့်အရာများကို နောင်နှစ် ဘဏ္ဍာနှစ်တွင် ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။